အပိုင်း (24)

1.2K 114 18
                                    


[Unicode]

  လီယု တစ်ယောက်  သူ့အိမ်မက် ထဲမှာ ဧကရီ နဲ့ လျှောက်လည်နေတုံး ကလေး လေး ၂ ကောင် က သူ့ဆီ ကို ပြေးဖက် လာပြီး ' ဖေဖေ' ဆိုပြီး တော့ ခေါ် နေ ခဲ့ ကြတယ်။ နောက်တော့ အဲ့ကလေး ၂ ယောက်ထဲက နည်းနည်း ပိုချောတဲ့ ကလေးလေး က နောက်ကလေး တစ်ယောက် ကို ခေါင်းခေါက် လိုက်ပြီးတော့ ဆူပွပွ လေး ပြောလိုက်တယ်။

" အာ့လန်... ငါတို့ မှားနေပြီ..ခမည်းတော် ကို ' ဖေဖေ ' လို့ မခေါ် ရဘူးလေ... ခမည်းတော်က ငါတို့ ကို မွေးမှာပဲ ကို...''

နောက်ကလေး တစ်ယောက် ကတော့ သူ့ခေါင်းလေး သူကုတ်ကာ ပြန်မေး လိုက်တယ်။

" ဒါဆို ငါတို့က ဘယ်လို ခေါ်ရ မှာလဲ...''

ကလေး ၂ ယောက်က အကြာကြီး စဥ်းစားပြီးမှ ရုပ်လေး နည်းနည်းချောတဲ့ ကလေး က ပြောလာတယ်။

" ခမည်းတော် မေမေ လို့ခေါ်ကွာ...''

ထိုအချိန် မှာပဲ လီယု တစ်ယောက် နိုးလာ ခဲ့တော့တယ်။ သူ့ခမျာ အိမ်မက်ထဲ က ပေါက်စီလေး နှစ်လုံးက ' ခမည်းတော်မေမေ ' ဆိုတဲ့ အသံတွေ ကို ကြားယောင်ရင်း ကြက်သီးတွေ ထလာ ခဲ့တော့တယ်။

နေ့ရက်တွေက သာသာယာယာ ပဲ ကုန်ဆုံးသွားလေတယ်။

နောက် ၂ လ ကြာပြီးတဲ့ အခါ မှာတော့ တာ့လီ ရဲ့ ချန်ဖေး ဟာ နာမကျန်းမှုကြောင့် ကွယ်လွန်သွား ခဲ့လေတယ်။ တုံ့ကူ ဆိုတဲ့ အမျိုးသား အဆင့်နိမ့် ကိုယ်လုပ်တော် ကလည်း သာမန် အရပ်သား အဖြစ် အမိန့်ပေး ခံ လိုက်ရ ပြီးတော့ နန်းတွင်း ထဲကနေ ပျောက်ကွယ်သွားတော့တယ်။

  ဒါပေမယ့် နယ်စပ်မြို့လေး မှာရှိတဲ့ ရှန်းလုရဲ့ အိမ်တော် မှာတော့  အမျိုးသားနှစ်ယောက်  ရောက်လာပြီး ရှန်းလု ရဲ့အဓိက စီးပွားရေး တွေကို လုပ်ကိုင် ပေး ခဲ့ ကြလေတယ်။

ဒီရက်တွေ မှာ နန်းတော် ထဲက အရာရာ တိုင်းဟာ လှပနေ တော့တယ်။ တဲ့ဖေး ကလည်း သူမရဲ့ အဝါပန်းချီ စာအုပ်တွေ က ရောင်း မလောက်တာကြောင့် နောက်ထပ် အုပ်ရေ ၂၀၀၀ ဆွဲစေပြီး အမြတ်တွေ အများကြီး ရလို့ ပျော်နေ ခဲ့တယ်။

စဲ့ဖေး နဲ့ ရှုဖေး ကလည်း သူတို့ အဆောင်ခြင်း သွားလိုက်ပြန်လိုက် လုပ်နေပြီးတော့ လက်အောက်က 'ကူ' တွေကို လည်း နန်းတော်ထဲကနေ လိိုလိုလားလား နဲ့ ထွက်သွားအောင် ကြိတ်ကာစီစဥ်နေ လေတယ်။

COMPLETE  ဧကရီကို ကိုယ်တော် မုန်းတယ် (Own Creation)Where stories live. Discover now