အပိုင်း (22)

1.3K 123 24
                                    


[Unicode]

အိုက်ရင်ဟာ အမှန်တော့ ရှန်းလုကို လိမ်ညာ ခဲ့တယ် လို့ သတ်မှတ်နိုင် သလို မလိမ်ခဲ့ ဘူး လို့လဲ ပြောလို့ရလေတယ်။ ဘာလို့လဲ ဆိုတော့ သူက တန်ဖိုး အထား မခံ ရတဲ့ မင်းသား တစ်ပါး ဖြစ်တယ်။ ပါးရှားရဲ့ အလှဆုံး ကချေသည် က သူ့မိခင် ဆိုတာလည်း မမှားဘူး။ ပြီးတော့ ပါးရှားရဲ့ မင်းသမီး အတွက် ဧကရီ ကို ဖယ်ရမယ် ဆိုတာလဲ မှန်လေတယ်။

  ဒါပေမယ့် သူဟာ ယင်ယန် ပြောင်းဆေး မသောက် ထားတဲ့ အပြင် အမွှာ ရှိတာ ကို လည်း ဖုန်းကွယ် ထားသေးတယ်။ ဧကရီကို လည်း အသွင်ပြောင်း ကျောက်စိမ်း ပေး ပြီး ကာမစိတ်တွေ ကို နိုးကြွ စေဖို့ အမြဲ လှုံဆော်ပေး ခဲ့တယ်။ အသွင်ပြောင်း ကျောက်စိမ်း ဆိုတာက အမှန်တော့ တားမြစ်မှော်နဲ့ လုပ်ထားတဲ့ အရာပဲ ဖြစ်လေတယ်။

ပထမ တစ်ခါ သုံးပြီး ရင် ထပ်သုံး ချင် လာမယ် ။ ပြီးတော့ သုံးတဲ့ သူက အမျိုးသား ဖြစ်ရင် ထိုလူက တစ်ခြား ယောကျာ်း တစ်ယောက် အောက် မှာပဲ နေချင်နေတော့မယ်။ အမျိုး သမီး ဆိုရင် လည်း အပေါ်မှာပဲ အမြဲ နေချင် နေတော့မယ်။ သုံးတာ များလာလေလေ ယောကျာ်း လေး ဟော်မုန်း တွေနဲ့ မိန်းကလေး ဟော်မုန်းတွေ အချိုးညီ သွားပြီး ယောကျာ်းမဟုတ် မိန်းမ မဟုတ်တွေ ဖြစ်လာ လိမ့်မယ်။

  ဒါက ကြောက်ဖို့ ကောင်းတဲ့ တားမြစ် ပညာရပ် ပဲ ဖြစ်လေတယ်။ အကယ်၍ သုံးတဲ့ သူက အားနည်း တဲ့ သူ ဆိုရင် သေပါ​သေ သွားစေနိုင် လောက်တဲ့ အထိ ပြင်းထန်လေတယ်။ အိုက်ရင် တွေးမိတာက ရှန်းလုဟာ ပါးရှား တော်ဝင် မျိုးနွယ် မဟုတ်တာကြောင့် ယင်ယန် ပြောင်းဆေး ကို လဲ မသိတဲ့ အပြင် အသွင်ပြောင်း ကျောက်စိမ်း အ​ကြောင်း ကိုလဲ မသိဘူး လို့ ထင်တယ်။
ဒါကြောင့် အမြဲတမ်း ဂန္ဓာမာ ပန်းလေး နဲ့ပဲ ဆက်ဆံတာတောင် သူမက သာယာနေတာ မလား....... အခုလောက်ဆို အိုက်အိုက် တစ်ယောက် တာ့လီ ရဲ့ ဧကရီ အောက်မှာ ဖိခံနေရ လောက်ပြီပေါ့....။ အင်းလေ သူတို့ ဘဝ က ခြေနင်းတုံး သာသာ ပဲ ကို...။

  တာ့လီ နန်းတော် ထဲ မှာ မုမု က သူမရဲ့ ယွဲ့ကျူး နန်းဆောင် အတွင်း ထိုင်နေပြီး သူမရဲ့ အစေခံ မ လေး လျှောက်တင်နေတာ ကို နားထောင်နေ ခဲ့တယ်။

COMPLETE  ဧကရီကို ကိုယ်တော် မုန်းတယ် (Own Creation)Where stories live. Discover now