အပိုင်း (19)

1.3K 137 8
                                    


[Unicode]

  ရှန်းလု ပြန်သက်သာလာတဲ့ အခါ ချက်ချင်းပဲ နန်းတော်ကို ပြန်လေတယ်။ အိုက်ရင်ကတော့ ဘာတစ်မှ မသိပဲနဲ့ ရှန်းလု အနောက်ကိုပဲ ပြန်လိုက်ခဲ့တော့တယ်။ နန်းတွင်းရောက်တဲ့ အခါ သူမက အိုက်ရင်ကို ပြန်လွှတ်လိုက်ပြီး ဖုန့်ဟွေ နန်းဆောင် တစ်ခုလုံး ကို ပိတ်ပစ် လိုက်ကာ ဘယ်သူတစ်ဦး တစ်ယောက် မှ မလာစေဖို့ရာ အမိန့်ထုတ် လိုက်တယ်။

   ဧကရာဇ်လေး ကတော့ သူ့ အမတော်ဆီ ညနေပိုင်း စာဖက်ပြီးနောက် ပြေးလာတဲ့အခါ' ဖုန့်ဟွေ နန်းဆောင် အတွင်း ဘယ်သူ ဝင်မလာရ ' ဆိုတဲ့ သူ့အမတော် ရဲ့ အမိန့်ကြောင့် စိတ်ပူသွားပြီး ဇွတ်အတင်း ဝင်ဖို့ လုပ်လေတယ်။

  ထိုအခါ ဖုန့်ဟွေ နန်းဆောင် ကအထိန်းတော်တွေ အစေခံတွေ ကအစ ဒူးထောက် တောင်းပန်ပြီး သူမတို့ရဲ့ သခင်မ ပြောစကား ကို နားထောင်ပေး ဖို့ ငိုယိုပြီး ပြောဆိုနေကြလေတယ်။ ဒါကြောင့်ပဲ ဧကရာဇ်လေး က ပိုပြီး စိတ်ပူကာ အထဲကို လှစ်ခနဲ ပြေးဝင်သွားလေတော့တယ်။

ဧကရာဇ် ကမှ အထဲ ကို ပြေးဝင်သွားပြီ ဆိုမှတော့ သက်တော်စောင့် တွေကပါ လိုက်ဝင်ဖို့ ကြိုးပမ်းလေတော့တယ်။ ဒါပေမယ့် သူတို့တွေ နန်းတော် ဝင်းနား ကိုတောင် မကပ်နိုင်ပါဘူး။ တကယ်လို့ နန်းတော်ဝင်း နားရောက်သွားရင် တွန်းကန်နေတဲ့ အားတစ်ခုက ထွက်လာပြီး သူတို့တွေ ကို အထဲ ဝင်ခွင့် မပေး လေဘူး။

  ဒါပေမယ့် သူတို့ ဧကရာဇ် ကတော့ ဝင်လို့ ရတယ်တဲ့လေ...။ အထဲဝင်မရ မှတော့ အပြင်ကနေပဲ အရိပ်အခြေ တွေ ကို လှမ်းကြည့်ရင်း စောင့်နေ ကြတော့တယ်။  အိုင်း.......ဒီမကောင်း ဆိုးဝါး ဧကရာဇ်လေး ဘာမှတော့ မဖြစ်နိုင်လောက် ပါဘူးနော်။ ဟုတ်တယ်မလား။ အဲ့ ဧကရာဇ်သာ ဆံပင်တစ်ချောင်း လျော့သွားကြည့်ပါလား ဧကရီ က သူတို့ကို အရေခွံ ခွာလိမ့်မယ်။

  လီယု တစ်ယောက် ပိတ်ထားတဲ့ အိပ်ဆောင် တံခါးကြီး ကို တွန်းဖွင့်ပြီး အထဲကို ဝင်သွား ခဲ့တယ်။  အခန်းတစ်ခုလုံး မှောင်ပိန်းနေပြီး အသံတစ်ခုမှ မကြားရ ဘူး။ ထို့ကြောင့် ပဲ လီယု ပိုပြီး စိုးရိမ်လာခဲ့တယ်။

COMPLETE  ဧကရီကို ကိုယ်တော် မုန်းတယ် (Own Creation)Where stories live. Discover now