အပိုင်း (16)

1.4K 125 26
                                    


  [Unicode]

   စားပွဲ ခုံအောက်မှာ ငိုနေတဲ့ ဧကရာဇ် လေး ကို ရှန်းလု တွေ့တဲ့ အခါ ရီပဲ ရီ ရတော့မလို သနားပဲ သနား ရတော့ မလို ခံစား လိုက်ရတယ်။ သူမက အောက်ကို  ထိုင်ချ လိုက်ပြီး ငိုနေတဲ့ ဧကရာဇ် လေး ကို လှမ်းဆွဲ လိုက်တယ်။ ဒါပေမယ့် ဘယ်သူ သိမှာလဲ ဧကရီ က လှမ်း ဆွဲလေလေ ဧကရာဇ်လေး က အထဲ ကို ပိုပြီး ကျုံ့သွားလေလေပဲ။ အစကတော့ ရှန်းလု က သူ့မောင်လေး ကို သနားနေသေးတယ်။ ဒါပေမယ့် ကြာတော့ ဒေါသက ထွက်လာတယ်။ ဒါကြောင့် ပဲ အသံမာမာ နဲ့ ပြောလိုက်တယ်။

" လီယု....အခု ချက်ချင်း စားပွဲ အောက်ကနေ ထွက်လာ ခဲ့...''

  တရှုံရှုံ ငိုနေတဲ့ ဧကရာဇ်လေး က တအင့်အင့် ရှိုက်ကာ ပြန်ဖြေ လေတယ်။

" မလာဘူး...''

" အခု လာထဲ့ လို့ပြောနေတယ်လေ.... ယုယု နင် ပဲ ထွက်လာ မလား.... ငါ ဒီစားပွဲ ကို ရိုက်ချိုး လိုက်ရ မလား။ ''

" ဟင့်အင်း...ဟင့်အင်း မလာဘူး....ယုယု က မဖြူစင်တော့ဘူး....''

  ရှန်းလု တစ်ယောက် ထိုစကား ကို ကြားတော့ ဟိုနေ့ က သူ့ကို သူမ အတင်းအကြပ် ရယူ မိတဲ့ အပေါ် စိတ်ဒဏ်ရာ ရသွားတယ် လို့ ထင်တာကြောင့် လေသံ ကို ပြန်လျှော့ လိုက်ပြီး ချော့ပြော လိုက်တယ်။

" ယုယုလေး.....အဲ့တာ အမတော် အမှားတွေ ပါ....အဲ့နေ့က ယုယု လေး ကို အမတော် အတင်းအကြပ် မလုပ်ခဲ့ သင့်ဘူး.....ဟူး....မင်းလေး က မဖြူစင်တော့ဘူး လို့ ထင်နေ ရင် ဒီအမတော် ကို ပဲ အပြစ်သာ တင် လိုက်ပါ...တောင်းပန်ပါတယ် ယုယုရယ်..''

  ဧကရီ တောင်းပန်တာ ကို သူကြားတဲ့ အခါ အံ့သြ သွားတဲ့ ပုံပေါက် သွားတယ်။

အခု ​ကျန်းက ပြဇာတ် ခင်းနေတာ လေ....ဘောက်မဲ့ အမတော်ရဲ့ ပြဇာတ် ဖြစ်သွား တာတုံး...။

" အမတော်သိပြီ.... အမတော် ခေါ်တုံး က ယုယု ထွက်မလာ ချင်တာက အမတော် ကို မုန်းနေ လို့ပဲ..... အိုင်း.... အကုန်အမတော် အမှားတွေ ပါပဲ.... ''

မဟုတ်ဘူးလေ......။

သူ့ကို အမတော် အတင်းအကြပ် ယူခဲ့တုံး က သူမမုန်း တဲ့အပြင် ပျော်တောင် ပျော်နေသေးတာ ကို...။

COMPLETE  ဧကရီကို ကိုယ်တော် မုန်းတယ် (Own Creation)Where stories live. Discover now