အပိုင်း (25)

1.2K 128 15
                                    


[Unicode]

   သိပ်မကြာခင်ပဲ ဧကရာဇ်လေး ဟာ ဧကရီ လက်ချက်ကြောင့် ကိုယ်ဝန်လွယ် ထားရပြီ လို့ တစ်နိုင်ငံ လုံးက သိသွား ကြတော့တယ်။ အဲ့သတင်း ကို ဧကရီ ကိုယ်တိုင် ကအတည်ပြုပေး ပြီးတဲ့နောက် ညီလာခံက အမတ်တစ်ဝက် လောက်က သွေးတက်ပြီး မေ့လဲသွားလေတယ်။

ဒါပေမယ့် လည်း ဧကရာဇ် က အဖက် မလုပ်ခဲ့ ပါဘူး။ အဲ့နေ့က မေ့လဲသွားတဲ့ အမတ်တွေ ကို တော်ဝင်သမားတော်ကြီး လက်ထဲ ကို သာထိုးအပ် လိုက်တော့တယ်။ အဲ့အခါ ဟန်ဆောင်နေတဲ့ အမတ်တွေ ကလဲ ချက်ချင်း ကို ကောက်ခနဲ ထလာတော့တယ်။ ဟုတ်တယ်လေ ဧကရီ လို မကောင်းဆိုးဝါး တပည့်ကို မွေးထုတ်နိုင်တဲ့ ဆရာက သေချာပေါက် ကို လူကောင်း မဟုတ်မှာ ပဲ။

  ဧကရာဇ် လေးက တော့ သူ့ကို ဆက်သလာတဲ့ တစ်ခြား နိုင်ငံက မင်းသမီးတွေ လာရင် သိပ်ပြီး မပူသေးတဲ့ ဗိုက်လေး ကိုကော့ပြကာ ကလေးရှိနေ လို့ ကိုယ်လုပ်တော်တွေ နဲ့ ကြင်ယာတော် တွေ လက်မခံ ဘူးလို့ ငြင်းလေတယ်။ နောက်တော့ ဂိုလျော နိုင်ငံ က သံတမန်က မယုံတာကြောင့် သူတို့ရဲ့ မင်းသမီးကို အတင်းထား ခဲ့ဖို့ လုပ်လေတယ်။

  အဲ့အချိန်မှာပဲ ပါးရှားက မင်းသမီး ကလည်းရောက် လာခဲ့တယ်။ အဲ့နှစ်ဖွဲ့ကို နန်းတွင်း ထဲမှာ ၂လလောက် နေခိုင်းပြီး  အချင်းချင်း ရန်ဖြစ်ခိုင်း ထားလေတယ်။ အခုဆို လီယုရဲ့ ကိုယ်ဝန်က လေးလ ရှိနေပြီ မို့ အတော်လေး ဖောင်းလာ ခဲ့တယ်။ အမှန်တော့ ကလေး ရှိနေတာ အပြင် ဝလာ တာလဲ ဖြစ်တယ်။

  မနက်တိုင်း ဧကရီ ရင်ခွင် ထဲမှာ ထတယ်။ ဧကရီ က နန်းတွင်း ရေးရာတွေ ၊ အမိန့်စာတွေ အကုန် လုပ်ပေး နေတဲ့ ပုံကို ထိုင်ကြည့်လိုက် လှဲကြည့် လိုက်လုပ်တယ်။ ပြီးရင် ဧကရီကို ပွေ့ခိုင်းပြီး နန်းတွင်းထဲ လမ်းလျှောက်တယ်။ ညကျရင် ပြဇာတ်တွေ ကြည့်တယ်။ ဒါမှမဟုတ် တဲ့ဖေး ဆွဲထားပြီးတဲ့ ပန်းချီတွေ ကို ဖက်တယ်။ ပြီးတော့ ဧကရီ ချက်ပေး သမျှ စားတယ်။ လီယု ဘဝ ကြီးက အရမ်းကို သာယာနေလေတယ်။

  ဒါပေမယ့် နန်းတွင်းထဲ ရောက်နေတဲ့ သံတမန် အဖွဲ့ ၂ ခုကတော့ သူတို့ ကို ၂ လ လုံး ဘာလို့နေ ခိုင်းမှန်း မသိလေဘူး။ ၂ လ ပြည့်ပြီးနောက်နေ့မှာပဲ ဧကရာဇ် က သူတို့ကို ညီလာခံ ခန်းမထဲ ဆင့်ခေါ် လိုက်လေတယ်။ ဒီနေ့မနက် တုံးက ဧကရီ ချုပ်ပေး ထားတဲ့ ကိုယ်ဝန်သည် အဝတ်ကို ဝတ်ထားပြီး နန်းပုလ္လင်ပေါ် ထိုင်နေတဲ့ ဧကရာဇ်ဟာ ကလေးတွေ လွယ်ထား ရတာကြောင့် နဂို ထက်ကို ပိုလှပ နေလေတယ်။

COMPLETE  ဧကရီကို ကိုယ်တော် မုန်းတယ် (Own Creation)Where stories live. Discover now