အပိုင်း (23)

1.3K 125 30
                                    


[Unicode]

   အိုက်အိုက်ဟာ အဝတ်ကို ချွတ်ချ လိုက်ပြီး ရေနွေးနွေးလေး ထဲကို ဝင်စိမ် လိုက်တော့တယ်။ သူဟာ အနံ့ ပြင်းတဲ့ အမွှေးနံသာတွေ ကို မကြိုက်ပေမယ့် မယ်တော် ဧကရီ က ပေးထားတာ ဖြစ်တဲ့ အတွက် မသုံးရင်လည်း သူ့ခမျာ အပြစ်သင့် မှာ စိုးတဲ့ အတွက် နှင်းပန်း အနံ့ ကြီးကို လိမ်းကျံ နေရတာပဲ ဖြစ်လေတယ် ။ ဒါပေမယ့် ညရောက်တိုင်း ရေနွေးနွေး လေးနဲ့ သန့်စင် ရေချိုး ပြီး ဆေးမြစ်တွေ ကို လူးလေ့ ရှိတယ်။

  ဘာလို့လဲ ဆိုတော့ မယ်တော် ဧကရီ ပေးထား တဲ့ အမွှေးထဲမှာ လူကို ဘေးဖြစ်စေ တဲ့ အနံ့အဆိပ်တွေ ပါဝင်နေ လို့ပဲ ဖြစ်လေတယ်။ သူသာ ဆေးမြစ်တွေနဲ့ ပြန်မစိမ်ရင် သူ အစောကြီး ယမ မင်းနဲ့ သွားတွေ့ ရလိမ့်မယ်။ ရေချိုးသန့်စင် နေရင်း သူဟာ နှဖူးလေး ကို ကိုင်ကာ ပြုံးနေလေတယ်။

" မနက်ဖြန် သူမ အတွက် စွံပလွန် သီး စွတ်ပြုတ် လုပ်ပေး ရင် ကောင်းမလား.....ဘာချက်ပေးရင်ကောင်းမလဲ...ဟီးဟီး သူမ က ငါ့ကို ချစ်ပေး လောက်လား.... ''

အိုက်အိုက် ဟာ အိုက်ရင်လို မဟုတ်ပဲ တုံးအ ပါတယ်။ ဒါပေမယ့် တစ်ချို့ နေရာကျ ပြန်တော့ ဉာဏ်က ကောင်းနေပြန်တယ်။ ပါးရှား နဲ့ တာ့လီ စစ် ဖြစ်ရင် ကြားထဲက ခံစား ရမှာက တာ့လီ နန်းတော် ထဲရောက်နေတဲ့ ပါးရှားက မင်းသား ပဲ ဖြစ်လေတယ်။ သူက အသုံးမကျ တုံးအပြီး ပျော့ညံ့မှန်း သိပါတယ်။ ဒါပေမယ့် သူ့နှလုံးသား ထဲက အလင်းရောင် လေး ဖြစ်တဲ့ ဧကရီ အပေါ်မှာ ဘယ်တော့မှ သစ္စာ မဖောက်ဘူး လို့ သူဆုံးဖြတ် ထားတယ်။

  တကယ်လို့ အိုက်ရင်က သူ့နေရာကို ပြန်ယူမယ် ဆိုရင်ကော..... ဟင့်အင်း သူလုံးဝ ပြန်ပေးမှာ မဟုတ်ဘူး။ သူတို့အကြောင်း တွေကို သူမသိအောင် သူပြောပြရမယ်။

တဲ့ဖေး ခမျာ စိတ်ကူးတွေ ယဥ်ပြီး သူမနဲ့ ဧကရီ တို့ အချစ် ဇာတ်လမ်း ပန်းချီလေး ကို တစ်နေ့ထဲ အပြီး ဆွဲပစ်လိုက်တယ်။ နောက်တော့ သူမဟာ ထို ပန်းချီစာ အုပ်ကို ကူးဆွဲ ဖို့ အတွက် ခိုင်း လိုက်ပြီး စာအုပ်ရေ ၂၀၀ ထုတ် လိုက်တယ်။ အဖုံးမှာ ကတော့ ' နန်းတွင်း ထဲမှ ဧကရီ ရဲ့ ချစ်ကြင်ယာတော်' ဆိုတဲ့ ခေါင်းစဥ်နဲ့ ဖြန့်ဝေ ဖို့ လုပ်လိုက်တော့တယ်။

COMPLETE  ဧကရီကို ကိုယ်တော် မုန်းတယ် (Own Creation)Where stories live. Discover now