အပိုင်း (30) [Final]

3.1K 155 39
                                    

[Unicode]

လီယု နိုးလာတဲ့ အခါမှာတော့ အေးစက်နေပြီ ဖြစ်တဲ့ အိပ်ယာရယ် ၊ စားပွဲပေါ်က စာတစ်စောင် ရယ်ကိုပဲ တွေ့လိုက်ရ တော့တယ်။ သူက ရှန်းလု တစ်ယောက် စစ်တိုက်သွားတာ ကို သိပေမယ့် စာရေးထားခဲ့တဲ့ အတွက် တော့ ဇဝေဇဝါ ဖြစ်နေခဲ့တယ်။

နောက်တော့ ထိုစာကို စားပွဲပေါ်ပြန်တင်ကာ ညီလာခံကို သွားလိုက်တော့တယ်။ လီယု အနေနဲ့ ရက်တိုင်းပဲ ကလေးတွေကို နို့တိုက်ပြီးတိုင်း သူ့ဧကရီ ပြန်အလာကို မြို့ရိုးပေါ်တက်ကာ မျှော်နေလေ့ရှိတယ်။ အခုဆိုသူ့ရဲ့ အသက်က ၁၇ နှစ်ပြည့်တော့မှာပဲ ဖြစ်တယ် ။ ဒါကြောင့် သူ့ဧကရီက အရင်တုံးကလိုပဲ သူ့မွေးနေ့ အမှီ အောင်ပွဲတွေ နဲ့ အတူ ပြန်လာမယ် ဆိုပြီး စောင့်ဆိုင်း နေခဲ့တယ်။

၁နှစ် ကြာပြီးသွားတဲ့ အခါ ကျူးကျော်သူတွေကို ချေမှုန်းပြီး အောင်မြင်မှု ရခဲ့ပြီလို့ သတင်းနဲ့ အတူ စစ်တပ်ကြီး တစ်ခုလုံးကလဲ ပြန်ရောက်လာ ခဲ့တယ်။ ဒါပေမယ့် ဦးဆောင်ပြီး ပါသွားတဲ့ စစ်သူကြီး ရှန်းလုတော့ မပါလာခဲ့ဘူး ။

ဧကရာဇ် ခမျာ သူ့ဧကရီ ပါမလာတာကို တွေ့တော့ ပြန်လည်ခေါ်ဆောင်လာတဲ့ စစ်သူကြီး ကို လည်ပင်း ကော်လာကနေ ဆွဲကာ ညီလာခံမှာ မေးတော့တယ်။ ဒါပေမယ့် ထိုလက်ထောက် စစ်သူကြီး က ဘာမှပြန်မဖြေပဲ သူမရဲ့ စစ်ဝတ်ဆုံရယ် ၊ ဓားရယ်ကို ပြန်အပ်ကာ ဒူးထောက်နေခဲ့တယ်။

ထိုပြန်အပ်တဲ့ အရာတွေကို မြင်လိုက်ရတဲ့အခါ ဧကရာဇ် လေးတစ်ယောက် ကမ္ဘာကြီးတစ်ခုလုံး မှောင်မိုက်သွားသလိုပဲ။ သူ့ရဲ့ အလင်းရောင် လေးက မရှိတော့ဘူး။ သူ့အလင်းရောင်လေးက ပျောက်ကွယ်သွား ခဲ့ပြီပဲ ဖြစ်တယ် ။

အခုဆို ဧကရာဇ် က အသက် ၁၈ ဖြစ်ပြီးတော့ မင်းသား လေးတွေက အသက် ၁ နှစ် ဖြစ်နေခဲ့ပါပြီ။ ကလေးတွေက အရမ်း ထက်မြတ်တာကြောင့် လမ်းလျောက်နိုင်သလို စကားလည်း ပြောနိုင်နေပါပြီ။ ကလေးတွေကို သူ့တို့ရဲ့ အမေရင်း ( ရှန်းလု)ကိုမေ့ မသွားစေဖို့ ပန်းချီကားတွေ ပြကာ လီယုမှာ ကလေးတွေကို သူမ အကြောင်းအမြဲပြောပြခဲ့တယ်။

ဒါကြောင့် ကလေးတွေက ​စောင့်ရှာက်ပေးတဲ့ ကြင်ယာတော် တွေကို အဒေါ်လို့ ခေါ်ပြီး သူတို့မိခင် ပြန်အလာကို လီယု နဲ့ အတူတူ မြို့ရိုးပေါ်က နေ စောင့်နေလေ့ရှိတယ်။ ဒါပေမယ့် စစ်ပွဲအောင်လို့ပြန်လာခဲ့ပေမယ့် သူတို့ မိခင် ကတော့ ပါမလာဘူး ဆိုတာကို သိလိုက်တဲ့အခါ အငယ်လေး က သည်းထန်စွာ ငိုကြွေးပြီး အကြီးလေးက တော့ ခမည်းတော် နဲ့ အငယ်လေးကိုပါ ပွေ့ဖက်ပြီးတော့ နှစ်သိမ့်ပေးရင်း မျက်ရည်တွေ ဝဲနေခဲ့တယ်။

COMPLETE  ဧကရီကို ကိုယ်တော် မုန်းတယ် (Own Creation)Where stories live. Discover now