အပိုင်း (9)

1.7K 167 35
                                    

[Unicode]

9. ကိုယ်ပြောင်းကျောက်စိမ်း

လှပသော ချန်ဖေး ကို ရင်ခွင်ထဲ ထည့်ဖက်ကာ နမ်းရှုံ့ နေသော ဧကရီ ရဲ့ အရှေ့ ကို ရှုဖေး ( ဝန်ချောင်မု) တစ်ယောက် ဒူးထောက် ချ လိုက်တယ်။

" အရှင်မ ကို ချန်ချယ့် ဝန်ခံ စရာ ရှိပါတယ်.....ကျေးဇူးပြုပြီး အရှင်မ ခွင့်လွှတ် ပေးဖို့ မျှော် လင့်ပါတယ်။''

 '' ရှုဖေး က တောင်းဆိုနေ မှတော့ ဒီ ဧကရီ ကလည်း နားထောင်ပေး ရမှာပေါ့....''

  
" ချန်ချယ့် က အရှင်မ ကို မြတ်နိုး လို့ နန်းတွင်းထဲ ဝင်ရောက်လာတာပါ အရှင်မ...... ဧကရာဇ် အတွက် နန်းဆက် မွေးထုတ်ပေး ရမယ့် တာဝန် ကနေ ဒီက အစေခံ ကို ဖယ်ထား ပေးပါ...''

   ဒူးထောက်ပြီး ငုံ့ထားတဲ့ အတွက်ကြောင့် သူမရဲ့ အမူအရာ ကို ရှန်းလု တစ်ယောက် မမြင် နိုင်ပေမယ့် ဒီကောင်မလေး သူ့မကို နှစ်သက်နေ လိမ့် မယ် ဆိုတာ လုံးဝ ပြောရဲတယ်။ ဒါပေမယ့် အခု လို မျိုး ဝန်ခံ လိမ့်မယ် ဆိုတာ ကိုတော့ သူမ မထင်ထားခဲ့ဘူး။

  ရှုဖေး ရဲ့ ဝန်ခံ စကား ကို ကြား လိုက်တဲ့ အခါ ချန်ဖေး တစ်ယောက် တိတ်တိတ် လေး နေပြီး သူ့နှုတ်ခမ်းတွေ ကို ကိုက်ထား မိတယ်။ သူမ ကို ဆုံးရှုံး လိုက်ရမှာ အရမ်း ကြောက်နေတယ်။ ဒါပေမယ့် သူရဲ့ ကိုယ်ကတော့ သစ္စာ ဖောက်စွာ နဲ့ပဲ တုန်ရီ နေလေတယ်။

  အရှေ့က တစ်ယောက် ဆီက ဝန်ခံ စကား ကြားပြီးနောက် သူမ ပွေ့ထားတဲ့ သူလေး က တုန်ရီနေတာ ကိုတွေ့တော့ ခပ်တင်းတင်း ဖက်လိုက်ပြီး နှဖူး လေး ကို ငုံ့ နမ်း လိုက်တယ်။ ထိုမှသာ တုန်နေတဲ့ သူမ ကြင်ယာတော်လေး က ငြိမ်သွား တော့တယ်။

" ရှုဖေး........ က ဒီ ဧကရီ ကို နှစ်သက်တော် မူနေတယ်ပေါ့.... ''

" အမှန်ပါပဲ.....''

" အိုး......ဒီဧကရီ ကတော့ ရှုဖေး ကို မကြင်နာ မယုယ ပေး နိုင်တာမို့ ဧကရာဇ် ကို သာ ကောင်း ကောင်း ခစားပါ...ဒီဧကရီ အတွက်... ကြင်ယာတော် က ရှိပြီးသားမို့ပါ...''

   ထို စကား ကို ကြားလိုက်တဲ့ အခါ ရှုဖေး ဟာ မျက်ရည်တွေ စီးကျ လာတယ်။ ဒါပေမယ့် ပြုံး လိုက်ပြီး သူမ အမိန့်ကို နာခံ လိုက်တယ်။

COMPLETE  ဧကရီကို ကိုယ်တော် မုန်းတယ် (Own Creation)Där berättelser lever. Upptäck nu