အပိုင်း (5)

2K 249 30
                                    

[Unicode]

5. ဖေး ၄ ပါး ရွေးချယ်ရာဝယ်

ဒီလိုနဲ့ပဲ ဧကရာဇ် လေးဟာ သူ့ဧကရီ နန်းဆောင် ဆီမှာပဲ ညတိုင်း သွားလေတယ်။ သူတို့ လက်ထပ်ပြီး ၃ ရက်ကြာ တဲ့ နေ့မှာတော့ ဧကရီ က ဧကရာဇ်လေး ကို ခေါ်ကာ တော်ဝင် ကြင်ယာတော် ဖေး ၄ ပါး ကိုရွေး ချယ်ဖို့ နန်းတော်ရဲ့ ပွဲ ကြည့် မျှော်စင် စီ သွား ခဲ့လေတယ်။

ဧကရာဇ် တစ်ယောက် တော့ ကြောင်တိ ကြောင်တောင် လေးနဲ့ပဲ သူ့ဧကရီ ဆွဲခေါ်ရာ ကို ပါသွား လေတော့တယ်။ နန်းတော်ရဲ့ အလှဆုံး နေရာ ၃ ခု ထဲ က တစ်ခု ဖြစ်တဲ့ ကြာပန်းမျှော်စင်စီ ကိုရောက်တဲ့ အခါမှာတော့ လှပစွာ ပွင့်လန်းနေတဲ့ ပန်းပွင့်လေးတွေ အပြင် အငုံ့ကင်း လေးတွေ ကိုပါ တွေ့လိုက်ရတယ်။

  ရှန်းလု တစ်ယောက် သူ့မ မောင်လေး ကိုတောင် မနာလို ဖြစ်သွားတယ်။ အရမ်း ကို လှပတဲ့ အပျိုလေးတွေ ၊ အသက်ပြည့်ခါနီး ကလေးမသေးသေးလေးတွေ ၊ ပါရှား ပြည်ကဆို ယောကျာ်းလေးတွေ တောင် ပါသေးတယ်။ သူမရဲ့ စိတ်ထဲ မှာတော့ ပဝါ ကိုက်ပြီး ငိုနေပြီပဲ ဖြစ်တယ်။ သူမလဲ ဒီ လို အလှလေးတွေ လိုချင်တယ်လေလို့။

  သူမ လက်ထဲက ပူညံပူညံ လုပ်နေတဲ့ ဧကရာဇ် လေးက ထိုလူတွေ ကိုတွေ့တဲ့ အခါ မျက်နှာကြီး မည်းသွားတယ်။ ဒါပေမယ့် သူ့ဘေး က မိန်းမစိုးက သူတို့ရောက်ကြောင်း ကြော်ငြာ လိုက်တဲ့ အခါ ထိုနေရာ မှာ ရှိနေတဲ့ လူတွေ က မက်တပ်ရပ် ကာ သူတို့ နှစ်ယောက် ကို အရိုအသေ ပေးကြလေတယ်။

  သူက အခုထိ နားမလည်သေးတာကြောင့် သူအမတော် နား ကပ်ကာ တိုးတိုးလေး မေးလိုက်တယ် ။

" အမတော်.....ဒါတွေ က ဘာတွေ တုံး..''

  ယပ်တောင်လေး ကို ကာထားပြီး လေသံ လေးနဲ့ မေးနေတဲ့ သူ့မောင်လေး က အတင်းတုပ်နေတဲ့ အဒေါ်ကြီး တွေ နဲ့တောင် တူနေတယ်။ သူမလည်း လက်ထဲက ခေါက်ယပ်တောင် ကို အသာကာ ပြီး ပြန်ဖြေတယ်။

" မင်း အတွက် ဖေး (တော်ဝင်အဆင့်မြင့်ကြင်ယာတော်) တွေ ရွေးပေး မလို့လေ....''

  အမတော် က ဖေးတွေ ရွေးပေးဖို့ ဆိုတော့ သူ့ရဲ့ နောက်လာမယ့် မယားငယ် အဟမ်း....အင်း...ဘယ်လို သုံးရမလဲ? !?။ သူက မတွေး တက်တော့ လို့ အမတော် ကို ​ လေသံလေး နဲ့ပဲ လှမ်းမေး ပြန်တယ်။

COMPLETE  ဧကရီကို ကိုယ်တော် မုန်းတယ် (Own Creation)Where stories live. Discover now