အပိုင်း (4)

2.2K 250 9
                                    

[Unicode]

4. ကျန်း စိတ်ဆိုးနေတယ် ဧကရီ!!

ထိုနေ့လည်း သေချာပေါက် ဧကရာဇ် လေးဟာ သူ့ ဧကရီ ဆီမှာပဲ အိပ်ရမယ် လို့တွေး ခဲ့ပေမယ့် သူ့မယ်တော်ဆီ မှာ တာဝန်ထမ်းဆောင် ခဲ့တဲ့ ကုန်းကုန်း က ကိုယ်ပိုင် အိပ်ဆောင် ကို ပြန် ရမှာ လို့ ပြောခဲ့တယ်လေ။

  ဘယ်နှယ့်.... ကျန်း  ကို များ ၃ နှစ် ကလေး အောက်မေ့နေ သလား မသိ။ ကျန်း က ညတိုင်း ကျန်း ရဲ့ ဇနီး ဧကရီ ဆီ မှာပဲ အိပ်ဆောင် ဝင်မှာပေါ့။ ကျန်း မှာ မှ တစ်ခြား ဧကရာဇ် တွေ လို ဘာအဆင့် ညာအဆင့် အလှလေး ၃ထောင်မှ မရှိပဲ။ ပြီး တော့ ဧကရာဇ် ရဲ့ ကိုယ်ပိုင် နန်းဆောင်က အိမ်ရှေ့စံ အိပ်ဆောင် ထက်ကြီး တဲ့ အပြင် ဒီနန်းဆောင် ရှေ့ မှာ မိဖုရား ၃ ပါးလောက် ​သတ်သေ  ဘူးတယ်တဲ့။ ကျန်း က မိုးမြေ တစ်ခွင် အောက် ဘာမှ မကြောက်ပေမယ့် မထိတွေ့ နိုင်တဲ့ အဲ့လို အရာတွေ တော့ အဟမ်း.....လန့်တယ် ပေါ့နော်။

   နောက်ပြီး ဒီ ကုန်းကုန်း က ဧကရီ အကြောင်း ပြော နေတာ ကို မျက်နှာ ကြီး က ဘောက်မယ့်ကြောင့် ခွေးအကြီး သံပုရာ သီး ကိုက်ထား သလို ဖြစ်တာတုံး။ ဧကရီ ဆိုတာ နိုင်ငံ ရဲ့ မိခင်ပဲ ကျန်း တစ်ယောက် ကသာ ဧကရီ ကို စိတ်ဆိုး ခွင့် မကြိုက်ခွင့် ရမှာ..... ။ ပြီးတော့ ကျန်းရဲ့ ကိုယ်ပိုင် ကုန်းကုန်း က အခု ဘယ်ရောက် နေလဲ မသိဘူး။ အဲ့ ကုန်းကုန်း ကမှ ​အရိုအသေရှိ သေးတာ။

" မိန်းမစိုးကြီး...ကျန်း အမှတ်မမှား ရင် မင်းက မယ်တော့်ရဲ့ ကိုယ်ပိုင် အစေခံ မဟုတ်လား ။ ဘောက်မယ့်ကြောင့် ကျန်း ရဲ့ အစေခံ က အခစား မဝင်ပဲ မင်း က ကျန်း ဆီ လာရောက်နေ တာတုံး။ မယ်တော် ကများ ကျန်းရဲ့ အရေး ကိစ္စတွေ ကို စွတ်ဖက် ချင်နေတာလား ။ မင်းတို့တွေ က ကျန်း ကို တောင် ထိန်းချုပ်ချင်နေတယ် ပေါ့လေ''

  ဧကရာဇ် လေးဟာ သူ့အမတော် ရှေ့မှာသာ နူးညံ့သိမ်မွေ့ ရှက်ကြောက်တက်တဲ့ ကြောင်လေး ဖြစ်သွား တက်တာ။ တစ်ခြား သူတွေ ရှေ့မှာတော့ အစွယ်ရှည်နဲ့ ကျားပေါက်လေး လိုပဲ။ လုံးဝ ကို ဟိတ် ဟန် အပြည့်နေလေ့ ရှိတယ်။ သူက ပြောလိုက်တဲ့ အခါ ထို ကုန်းကုန်း က မဲ့လိုက်ပြီး အရိုအသေ တစ်စက် မရှိပဲ ပြန်ပြောတယ်။

COMPLETE  ဧကရီကို ကိုယ်တော် မုန်းတယ် (Own Creation)Where stories live. Discover now