အပိုင်း (၂၈)

1.2K 110 12
                                    


[Unicode]

{ပြီးဖို့ ၂ ပိုင်းအလို}

အခုဆို နန်းတော် ထဲမှာ ကြင်ယာတော်တွေက ခွဲဝေပြီး အုပ်ချုပ်နေကြတော့တယ်။ ဗိုက်ကြီးသည် ဧကရာဇ် ကတော့ ၉လ ထဲ ရောက်နေပြီမို့ ဧကရီကို ပိုပိုသာသာလေး ကပ်တွယ်နေရင်းပဲ  ဘဝကို သာသာယာယာ ကြီး ကုန်ဆုံးနေလေတယ်။

" ယုယုလေး ခြေထောက်တွေ ယောင်နေတာလား လာ...အမတော် နှိပ်ပေးမယ်''

" ယုလေး ဒါလေးစားလိုက်နော်... ယုလေး စားမှ နေကောင်း မှာပေါ့''

" ယုလေး နွားနို့သောက်နော် မကြာခင် ကလေးလေး မွေးလာတော့မယ်လေ။ အဲ့ကျရင် နို့မထွက်မှာဆိုးလို့ ဟားဟား ဟား...''

" လာလာ ယုလေးကို ဖက်ပေးထားမယ် ခါးက နာနေသေးတာလား ဒီကလေးနှယ် ခမည်းတော်ကို အနာတရ ဖြစ်အောင် မလုပ်ရဘူးလေ''

" ယုလေး ဆေးရည်စိမ်မယ်...အမတော် မင်းကို တစ်ကိုယ်လုံး နှိပ်ပေးမယ်။ အမလေး ချစ်လိုက်တာ ဗိုက်ပူလေးကို မွ ''

ဧကရီ ကတော့ သူ့ဗိုက်ကလေး ကို ဘာဒုက္ခမှ မခံစား ရအောင်လုပ်ပေးခဲ့တယ်။

" အမတော် ကျန်းရဲ့ ကိုယ်ဝန်က အမွှာလို့ သမားတော်ကြီးက ပြောတယ်။ ''

ဗိုက်ပူလုံးလုံးလေး ကို အသာကိုင်ကာ ပြောလာတဲ့ ဧကရာဇ်လေးကို ကြည့်ပြီး ရှန်းလုမှာ အချစ်ပိုရတယ်။ ကိုယ်ဝန် အရှိန်ကြောင့် ဖောင်းပြီး ပန်းရောင်သန်း နေတဲ့ လက်ချောင်းလေး ကို အသာနှိပ်နယ်ပေးရင်း မေးလိုက်တယ်။

" ယုယုလေးက ကလေးလေး ၂ ယောက်ကို မလိုချင်လို့လား ''

မျက်မှောင်လေးကြုတ်ကာ ဗိုက်ပူပူလေး ပေါ်လက်တင်ပြီး စဥ်းစား နေခဲ့တဲ့ ဧကရာဇ် လေးဟာ တစ်ချိန်မှာ အကြမ်းတမ်းဆုံး ဧကရာဇ် ဖြစ်လာလိမ့်မယ်လို့ ဘယ်သူတွေးမိမှာတဲ့လဲ။

" အဲ့လိုတော့လည်း မဟုတ်ပါဘူး။ ကျန်းက အမွှာဆိုရင် နာမည် ဘယ်လိုပေးရမှာလဲ ။ အဲ့တာတွေးပူတာရယ်''

  ရှန်းလုက သူမရဲ့ ဗိုက်ကြီးသည် လေး ပါးကို အသာလေးကိုက်ကာ ပြောလိုက်တယ်။

" အမ်း.... လီရှန်းဖူ နဲ့ လီရှန်းထူ ဆိုရင်ရော... ''

" ဘာတွေ ဖူလည်း ဘာတွေ ထူလဲ မကြိုက်ပါဘူးနော်။ ''

COMPLETE  ဧကရီကို ကိုယ်တော် မုန်းတယ် (Own Creation)Where stories live. Discover now