အပိုင်း (20)

1.4K 113 24
                                    


[Unicode]

  ရှန်းလုဟာ အခုလို အသိလွှတ်နေ ပေမယ့်လဲ သူမ ရင်ထဲက အသည်းနှလုံးလေး ကို ဖတ်ထားရုံ နမ်း ရှိက်ရုံက လွဲ လို့ ဘာမှ ဆက်မလုပ် ခဲ့ပေ။ ပထမ တစ်ခါ သူမ အသွင်ပြောင်း ကျောက်စိမ်း သုံးပြီး အိုက်ရင် နဲ့ စမ်းသပ်နေတုံး မှာပဲ သူမ ကလေးလေး ကို အတင်းအကြပ် ရယူ မိတယ်။ သူမရဲ့ နှလုံးသား လေးက အော်ဟစ်ငိုယို ပြီး တောင်းပန် ခဲ့ပေမယ့် သူမ တစ်ချက်လေးတောင် မရပ်တန့်ပေး ခဲ့ဘူး။

  သူမရဲ့ နှလုံးသားအသက် လေးက သေချာပေါက် သူမကို မုန်းနေတော့ မှာ ဆိုတာ သူမသိလေတယ်။ ထိုကလေး က ငယ်စဥ် ကတည်းက သူမနဲ့ အနေနီး တဲ့ အတွက်ကြောင့် သူမအပေါ် မှီခို အားထား ရတဲ့ ကလေး ကို မှ သူမရဲ့ လိုအင် တွေ ဖြည့်ဖို့ နာကျင်အောင် လုပ်မိတယ်။

  ရှန်းလုဟာ တွေးရင်း နဲ့ မျက်ရည်တွေ ကျလာခဲ့တယ်။ နောက်တော့ သူမက ဧကရာဇ်ရဲ့ အဝတ်တွေ ထဲ လက်ဝင်နေရာကနေ ထုတ်လိုက်ပြီး တစ်ကိုယ်လုံး ကို သိမ်းကျူံး ပွေ့ဖက်ထားရင်း ပါးစပ်ကနေ ပြီးတော့ တောင်းပန်စကားတွေ တဖွဖွ ပြောနေမိတယ်။
သူမရဲ့ အပြစ်က သူမ အသက် ကို ပေး လိုက်ရင်တောင် မကုန်နိုင် ဘူးဆိုတာ ကို သူမ နားလည်ပါတယ်။ ဒါပေမယ့် ဒီကလေး ကို သူမ ပိုင်ဆိုင် ချင်တုံးပဲ..။

ပွတ်သပ်နေတဲ့ လက်တွေ ထွက်သွားတော့ လီယု နည်းနည်း ကြောင်သွားတယ်။ အခုချိန် သူ့ဝမ်းကွဲ အမတော် က ဟို စားပွဲခုံပေါ် မှာ တင်ထားတဲ့ အသွင်ပြောင်း ကျောက်စိမ်း ကို ယူ ချိုးပြီးတော့ သူ့ကို တွန်းလှဲ ပြစ်ရတော့ မှာလေ။ သူကလည်း အတွန်းလှဲ ခံစေချင် လို့ကို မရုန်းပဲ နေ, နေတာလေ။ ဘောက်မဲ့ကြောင့် အမတော် က သူ့ကို ဖက်ရုံတင် ဖက် ပြီး တောင်းပန်စကားတွေ ပြောရင်း ငိုနေ ရတာတုံး...သူလိုချင်တာ က တက်ကြွ စေမယ့် စကားတွေလေ။

  ကြမ်းကြမ်း တမ်းတမ်း အသိမ်းပိုက်ခံ ဖို့ အဆင့်သင့် ဖြစ်နေတဲ့ လီယု တစ်ယောက် တစ်ကယ်ကို အေးခဲသွားပြီး တုန်လှုပ်လာတယ်။

' သူ့အမတော်က အိုက်ရင် ရဲ့ ကိုယ် ကို သဘောကျ သွားပြီး သူ့ကို ထိတောင် မထိချင်တော့ ဘူးတဲ့လား...'

COMPLETE  ဧကရီကို ကိုယ်တော် မုန်းတယ် (Own Creation)Donde viven las historias. Descúbrelo ahora