အပိုင်း (7)

1.8K 218 23
                                    

[Unicode]

7.  ဧကရီ က ကျန်းကို ဂရုမစိုက်ဘူး

  ဧကရာဇ် တစ်ယောက် ချော်လဲ ကာ ခြေအဆစ် လွဲ သွား တာကြောင့် ဧကရီ ကပဲ ပွေ့ကာ ပြန်ခေါ် လာရတယ်။ ဒါပေမယ့် ဧကရာဇ်က မျက်နှာကြီး ဆူပုတ်နေတုံးပဲ။

  ခဏ ကြာတော့ ခန့်အပ်ထားတဲ့ 'ကူ' ၄ ယောက် ကို သွားပြီး လေ့လာ ရသေးတယ်။ အဲ့ ၄ ယောက် ကို ဧကရီ နန်းဆောင် ကို ခေါ်ပြီး သင်ကြားပေး စရာ လိုတဲ့ ဟာတွေ သင် ကြား ရင်း ဆုံးမ သြဝါဒ တွေ ပေး ခဲ့ ရသေးတယ်။ နောက်တော့ ညစာ စား ဖို့ ဧကရာဇ် ရဲ့ အဆောင် ကို ဧကရီ ကြွ လာတယ်။
ဒါပေမယ့် ဧကရာဇ် မျက်နှာ က ဆူပုတ်နေတုံးပဲ။

  ညစာ အတူတူ စားတော့ စကား တစ်ခွန်းမှ မပြောတဲ့ အပြင် အမြန် စားပြီး စာကြည့်ဆောင် ကို ဧကရာဇ် ပြေး သွားတယ်။ ခြေအဆစ် လွဲ တာကို မေ့ပြီး ပြေး လိုက်တာကြောင့် မျက်နှာနဲ့ ကြမ်းပြင် မိတ်ဆတ် သွားတယ်။ ဧကရာဇ် မျက်နှာ ဆူနေတုံးပဲ။ ဒါပေမယ့် မျက်ရည်တွေ ပြည့်နေပြီ။

   ဒီဟာ ကို ကြည့်ခြင်းအားဖြင့် ဘယ်လောက်တောင် နာလိုက်လည်း ဆိုတာ ကို သိသာနေပေမယ့် ထိုဧကရာဇ် က ' အင့်' ဆိုတဲ့ အသံ တစ်ချက်ပဲ ထွက်ပြီး ထော့နဲ့ ထော့နဲ့ လျှောက်သွားလေတယ်။

ခြေထောက်လေး ဖွကာ ဖွကာ သွားနေတဲ့ ဧကရာဇ် ကိုကြည့်ရင်း ဧကရီ မှာ ခေါင်း ကိုက်လာတယ်။ သူမ မောင်လေး က ဘာဖြစ်နေတာတုံး။ ခါတိုင်း ဆို အော်ဟစ် ငိုယို နေမှာ မဟုတ်ဘူးလား။ ဧကရီ က ဆက်ပြီး မတွေး တော့ပါဘူး။ ဘာ လို့လဲ ဆိုတော့ ဒီနေ့ နန်းတွင်း ဝင်တဲ့ ကူတွေ နဲ့ မနက်ဖြန်ဝင် မယ့် သူတွေ ရဲ့ အချက်အလတ် တွေ ကို စီစစ် ဖို့ ရှိနေသေးတယ်လေ။ ဒါနဲ့ပဲ ဧကရာဇ်ရဲ့ အကြောင်း ကို ခေါင်းထဲ ကနေ ပစ် ထုတ်ပြီး ကိုယ်ရေး အကျဥ်းတွေ ကို စဖက် လိုက်တော့တယ်။

  ညအချိန်က နက်သထက် နက်လာပြီး ဧကရီလဲ ဝတ်ရုံလဲကာ ဧကရာဇ် အိပ်ယာပေါ် တက်အိပ်လိုက်တော့တယ်။

ဟူး.....ဧကရီ ဖြစ်တာက အရမ်း စိတ်ရှုပ်ဖို့ ကောင်း တာပဲ။

   ရှန်းလုတစ်ယောက် စစ်ပွဲထဲ ရောက်နေခဲ့တယ်။ သူမ လက်မှာ သွေးစွန်းနေတဲ့ ဓား ကို ကိုင်စွဲ ထားရင်း လာသမျှ ရန်သူတွေ ကို အပိုင်းပိုင်း ပြတ်အောင် ခုတ်ထစ်နေ ခဲ့တယ်။ နောက်တော့ သူမရဲ့ ရန်သူ ခေါင်း ဆောင် ကို သူမတွေ့ လိုက် ရတယ်။ အဲ့ ခေါင်းဆောင်က အဝါရောင် နဂါး ဝတ်ရုံ ဝတ်ထားတဲ့ ကလေး အကြီးကြီး ပဲ။ အဲ့ ရန်သူက အလှလေး ဖြစ်တဲ့ ဒီနေ့ မနက်က တွေ့ခဲ့တဲ့ ရှီးနန်က ကောင်လေး  ကို ကြိုးတွေ တုပ်ထားပြီး ကြာပွတ်ကြီး နဲ့ တရွမ်းရွမ်း ရိုက်ပြ နေလေတယ်။

COMPLETE  ဧကရီကို ကိုယ်တော် မုန်းတယ် (Own Creation)Where stories live. Discover now