အပိုင်း (14)

1.5K 142 8
                                    


[Unicode]

ရှန်းလု အိပ်ဆောင် ထဲဝင်သွား တဲ့ အခါ သူမရဲ့ အိပ်ယာပေါ် မှာ ကျုံ့ကျုံ့ ​လေး ထိုင်နေတဲ့ ချန်ဖေး ကို တွေ့ လိုက်တယ်။ သူက သူမကို တစ်ခုခု ပြော ချင်နေပုံ ရပြီးတော့ ပါးစပ်လေး ဟ လိုက် ပြန်ပိတ် လိုက် လုပ်နေတဲ့ ပုံက သူမ ရဲ့ နှလုံးသား ကို လက်သည်းလေး နဲ့ ခပ်ဖွဖွ ကုတ်ခြစ်နေသလိုပဲ။ သူ့ရဲ့ နှုတ်ခမ်းလေး ကလည်း မနေ့က သူမ လက်ချက်ကြောင့် ဖူးယောင်နေတုံး ပဲ ရှိနေသေးတယ်။ ရှန်း လု က ပြုံး လိုက်ပြီး အိုက်ရင် ရဲ့ ဘေး နားကို သွား ထိုင်ပြီး ဖက် လိုက်တယ်။

" ချန်ဖေး က ပန်ကုန်း ကို ဘာတွေများ ပြောစရာ ရှိနေတာလဲ ဟင်?  "

   သူမ က ပြောဖို့ စကား လမ်းကြောင်း ပေး လိုကာ်တေ့ာ သူက သူမရဲ့ လက်တစ်ဖက် ကို သူ့လက်နှစ်ဖက် လုံး နဲ့ ဆုပ် ကိုင်ကာ  အားကိုးကြီး စွာနဲ့ ကြည့်ပြီး မှ စပြောလေတယ်။

" အိုက်ရင် အမှန် အတိုင်း ဝန်ခံ ရမယ် ဆိုရင်...အိုင်ရင် က ပါးရှား ပြည်ရဲ့ အဖိုး တန် မျက်ရှု မင်းသား တစ်ပါး မဟုတ်ပါဘူး..... အိုက်ရင် ရဲ့ မယ်တော်က ကချေသည် တစ်ယောက် ပါ.....''

   သူက စကား ကို ခဏလေး ရပ်ပြီး သက်ပြင်း ချပြီး မှ ဆက်ပြောတယ်။

" ဒီ ကို သူတို​တွေ က ကြင်ယာတော် ရွေးပွဲ အတွက် မင်းသမီး ပို့ပေး ချင်ပေမယ့် ပါးရှား က မင်းသမီး ဟာ တစ်ဦးတည်းသော မင်းသမီး ဖြစ်တဲ့ အပြင် မယ်တော်နဲ့ အကိုတော် ကပါ ဧကရီ နဲ့ အိမ်ရှေ့ မင်းသား ဖြစ်နေ တော့  ....သူမ ကို မလွှတ် ခဲ့ဘူး..ပြီးတော့ ဧကရီ နေရာ မဟုတ်တာကြောင့် သူတို့ရဲ့ အဖိုးတန်လေး နဲ့ မထိုက်တန် ဘူးလို့ ထင်နေတာလေ။ ''

" တာ့လီရဲ့ လက်အောက် ခံ နိုင်ငံ ဖြစ်တာကြောင့် မပို့ရင်လည်း မရ တာမို့ ကချေသည် ရဲ့ သား ဖြစ်တဲ့ ကျွန်တော် ကို သူတို့က လွှတ် လိုက်တာပဲ။ ပြီးတော့ ကျွန်တော်က နောက်ပို့ပေး မယ့် မင်းသမီး အတွက် ဧကရီ ကို သတ်ပြီး လမ်း ရှင်းပေး ထား ရမယ်တဲ့....''

ပြောရင်း နဲ့ အသံ က တဖြေးဖြေး တိမ်လာ ခဲ့တယ်။

" ကျွန်တော် မျိုး မိခင်က ပျောက်ဆုံး နတ်ဆိုး မျိုးနွယ်က နတ်ဆရာမ ပါ... ဒီအကြောင်း ကိုလည်း သူတို့ သိသွားရော ယင်ယန်ပြောင်း ဆေး ကို အတင်း ဖော် ခိုင်းပြီး ကျွန်တော့် ကို မိခင်ရဲ့ အသက်နဲ့ ခြိမ်းခြောက်ပြီး တိုက်ခဲ့တယ်။ မင်းသမီးက ကလေးမွေးဖွားရင် အလှပျက်မှာ စိုးတဲ့ အတွက်ကျွန်တော် မျိုး က သူမ အတွက် မွေးပေး ရမယ်တဲ့လေ...။ ''

COMPLETE  ဧကရီကို ကိုယ်တော် မုန်းတယ် (Own Creation)Where stories live. Discover now