#Unicode
စစ်ပိုင်နဲ့ဘေဘီ ကန်ဘောင်မှာ ဉာဉ့်တော်တော်နက်တဲ့အထိ စကားတွေပြောပြီးမှ ပြန်လာခဲ့ကြသည်။ ဘေဘီ့အဆောင်ကို ရောက်တဲ့အခါ အဆောင်ရှေ့မှာ ကလေးတွေအားလုံးစုပြီး ဝိုင်းဖွဲ့ကာ စားသောက်နေကြသည်နှင့် တိုးလေသည်။
"ကိုကြီးစစ်ပိုင်နဲ့လင်းရာ ခုမှ ပြန်လာတာလား"
"အေး ညီလေး"
"လာ ကိုကြီး။ ကျွန်တော်တို့နဲ့ အတူတူ ဝင်ထိုင်ဦး။ မုန့်စားရင်း စကားလေးဘာလေး ပြောရအောင်"
ထိုင်နေကြတဲ့ကလေးတွေအားလုံးက စစ်ပိုင်နဲ့သိတာမို့ ကလေးတွေကြားမှာ ဝင်ထိုင်လိုက်သည်။ ဘေဘီကတော့ ထူးခြားနဲ့ စစ်ပိုင်ကြားမှာ ဝင်ပြီးထိုင်လေသည်။
"ကိုကြီး ခုည ဒီမှာ အိပ်မှာလား"
"အေး သာထူး"
"ဒါဆို အိပ်ခါနီး ခေါင်းအုံးတစ်လုံး ကျွန်တော်လာပေးမယ်နော်"
"ရတယ် သာထူး မပေးနဲ့။ ကိုကြီးကအဆင်ပြေတယ်။ ထူးခြားလည်း ဒီမှာ အိပ်မှာမို့လား"
"ဟုတ်"
"အင်း အဲ့ဒါဆို မပေးနဲ့ ရတယ်"
"ဟုတ်ကိုကြီး။ လိုရင်တော့ပြောနော် အားမနာနဲ့"
"အိုကေ"
စားသောက်နေစဥ်မှာပဲ ဘေဘီတစ်ယောက် ညနေကငိုထားသည့် အရှိန်ဖြင့် မျက်လုံးလေးတွေ မှေးစင်းစ ပြုနေပါပြီ။
"လူကြီး"
"ဟင်"
"အိပ်ချင်တယ်"
"လာ ကိုယ့်ပေါင်ပေါ် ခေါင်းအုံးပြီး ခဏအိပ်လိုက်နော်"
"ဟုတ်"
စစ်ပိုင်ပေါင်ပေါ်ကို ခေါင်းအုံးလာတဲ့ကလေးရဲ့ ဆံပင်းလေးတွေကို ဆွဲဖွပြီး ဖြေးညှင်းစွာ ကိုင်ပေးလိုက်တော့ ခဏလေးအတွင်းမှာပဲ ဘေဘီက အိပ်ပျော်သွားလေသည်။ သိပ်ကို ဇိမ်ခံလွန်းတဲ့ ဇိမ်တုံးလေးပါ။
ကလေးတွေ အားလုံးစားသောက်ပြီးစီးတဲ့အထိ အိပ်ပျော်နေတဲ့ ဘေဘီ့ကို မနှိုးရက်သဖြင့် ခဏထိုင်ကြည့်နေမိခဲ့သည်။
YOU ARE READING
မြတ်နိုးစွာ နှောင်ဖွဲ့မိသော
Romanceတကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း ခင်ဗျားကိုလွမ်းဖို့ သတိပေးနေသလိုပဲ။ ကျွန်တော် ခြေတစ်လှမ်း လှမ်းရမှာတောင် ကြောက်နေခဲ့မိတာ။