#Unicode
လင်းရာတို့ အိမ်ပြန်ရောက်တော့ မမားအတွက် ဘာလုပ်သင့်တယ်ဆိုတာကို လင်းရာရယ်၊ မမားရယ်၊ ဖေဖေရယ် သုံးယောက် အကြိတ်အနယ် ဆွေးနွေးပြီးတဲ့နောက်မှာ ဖေဖေက မမားတောင်းဆိုတာကို သဘောတူ လက်ခံခဲ့ပါသည်။
ဖေဖေ သဘောတူသည်ဆိုတော့ မမားက ရန်ကုန်မှာ သွားနေတော့မည်လေ။
"ဒါဆို မမားနောက်ကို သားလည်း လိုက်နေမယ်"
"ဟင် သားက ဘာလိုက်လုပ်မှာလဲ"
"မမားနဲ့ ခဏ လိုက်နေချင်လို့"
"သားသားလိုက်နေချင်တယ်ဆိုလည်း ခွင့်ပြုပေးလိုက်ပါဖေဖေ"
လင်းရာရဲ့ အကြံကို သိနေသည့် မမားက ဝင်ပြောပေးရှာလေသည်။
"အင်း သားလိုက်နေချင်တယ်ဆိုရင် ဖေဖေတိုက်ခန်းငှားပေးရမလား"
"မငှားပေးနဲ့ဖေဖေ ရတယ်။ ခင်လေးတို့ သူငယ်ချင်းတွေ စုနေမှာ။ ခင်လေး သူငယ်ချင်းတွေအကုန်လုံးက သားသားကို ချစ်ကြတယ် ဖေဖေ။ ပြီးတော့ သားသားနဲ့လည်း ခင်မင်ရင်းနှီးပြီးသားဆိုတော့ တူတူနေလို့ရတယ်"
"မိန်းကလေးတွေချည်းနေတဲ့အိမ်မှာ ယောင်္ကျားလေးလိုက်နေလို့ သင့်တော်ပါ့မလား သမီး"
"ဖေဖေရယ် ဒါက ၂၀ရာစု မဟုတ်တော့ပါဘူး။ ၂၁ရာစုကို ရောက်နေပါပြီ။ ပြီးတော့ ရန်ကုန်က နယ်မှာလို လိုက်ကြည့်ပြီး အတင်းပြောမဲ့သူ မရှိဘူးဖေဖေ"
"သမီးသူငယ်ချင်း ကောင်မလေးတွေက လက်ခံပါ့မလား။ ငြိုငြင်နေမှာဆိုးတယ် သမီး"
"အဲ့ဒါတော့ မပူနဲ့ ဖေဖေ။ ခင်လေးသူငယ်ချင်းတွေက သားသားကို မောင်လေးအရင်းလို ချစ်ကြတာဆိုတော့ သားသားလိုက်နေမယ်လို့ ပြောလိုက်ရင် ပျော်တောင် ပျော်ကြဦးမှာ"
"သမီးသူငယ်ချင်းတွေ အဆင်ပြေလက်ခံတယ်ဆိုရင်တော့ အကြောင်းမဟုတ်ပါဘူး။ သားသားလိုက်နေချင်တယ်ဆိုလည်း ဖေဖေက ခွင့်ပြုမှာ"
"အာ့ဆို မမားနောက်ကို လိုက်သွားမယ်နော် ဖေဖေ"
"လိုက်သွားပါခင်ဗျာ"
YOU ARE READING
မြတ်နိုးစွာ နှောင်ဖွဲ့မိသော
Romanceတကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း ခင်ဗျားကိုလွမ်းဖို့ သတိပေးနေသလိုပဲ။ ကျွန်တော် ခြေတစ်လှမ်း လှမ်းရမှာတောင် ကြောက်နေခဲ့မိတာ။