~1~

3.2K 301 74
                                    

* Unicode *

~ အစပြုသော တွေ့ဆုံခြင်းတွေက ခန့်မှန်း၍မမှီနိုင်အောင် နက်ရှိုင်းလွန်းသည် ~

<~><~>

ဂျိုဆွန်းဘုရင်ရဲ့ သားတော် မင်းသားငယ်လေးမွေးဖွားပြီး သုံးရက်မြောက်နေ့...နေ့ထူးနေ့မြတ်တစ်ခု
မဟုတ်သော်ငြားကူးသန်းရောင်းဝယ်ရေးအစစ
အရာရာကရက်သတ္တပတ်အတွင်း တိုးတက်လာသည်မို့ နန်းပြင်ဘက် မြို့တော်တစ်ခွင်က လူသူအပြည့်နှင့် ပုံမှန်ထက် စည်ကားလွန်းသည်

ပုံမှန်ထက်စည်းကားနေတဲ့ ပတ်ဝန်းကျင်ကို
5နှစ်အရွယ်ကလေးတစ်ယောက်အနေနဲ့ အာရုံမပြုမိ
စိတ်ထဲရှိနေမိတာ ဒီနေ့နန်းတွင်းကို အဘိုးနုဲ့အတူတူလိုက်သွားရင်း မင်းသားလေးကို တွေ့ရမည်ဟူသောအသိကသာ စိုးမိုးနေသည်
နန်းတွင်းကခေါ်ကတည်းက ထပ်ခါတလဲလဲမေးနေတဲ့ အမေးတခုပေမဲ့ အဖြေကိုကြားချင်ဆဲမို့ မေးနေမိတုန်း

"အဘိုး...သားတို့က နန်းတွင်းကိုတကယ်သွားရမှာလားဟင်"

'ဟုတ်တာပေါ့ သွားရမှာပေါ့...ဟိုရောက်ရင်တော့ မြေးလေးကငြိမ်ငြိမ်လေးနေရမှာနော်..အဘိုးက ဆေးဆရာဆိုတော့.အလုပ်တွေများနေမှာ"

"ဟုတ်ကဲ့ပါ ဘိုးဘိုးရဲ့...သားက ငြိမ်ငြိမ်လေးနေမှာပါ
အခု ဈေးထဲခဏသွားလိုက်ဦးမယ် ဘိုးဘိုး"

'ခဏနေသွားရတော့မှာလေ"

"ခဏလေးပါ....မငိးသားလေးအတွက် လက်ဆောင်လေးဝယ်ပေးချင်လို့ပါ.မြန်မြန်လေးပြန်လာမယ်နော်"

လုံးတုံးတုံးနဲ့ အကြွေစေ့ပြားလေးတွေကို ယူရင်း သွားဖို့ထပြင်နေတာကြောင့်
ခေါင်းသာငြိမ့်ပြလိုက်မိသည်
အစကကျန်းမာရေးမကောင်းတဲ့ မိဖုရားကြီးကမီးဖွားပြီးခါစ ကျန်းမာရေးကစိုးရိမ်ရတာမို့  နန်းတွင်းသမားတော်ဟောင်းဖြစ်တဲ့ သူ့ကို ကြည့်ပေးဖို့  အမိန့်ရတာကြောင့် နန်းတွင်းထဲကို ခေါ်တုန်းကအရေးကိစ္စမို့တစ်ယောက်တည်းသွားဖို့ပြင်ထားပေမယ့် ဘေးနားကနေ အရည်ရွှန်းနေတဲ့မျက်လုံးနဲ့ သူ့ကိုလည်း ခေါ်သွားဖို့ ပြောနေတဲ့ ဆော့ဂျင်ကြောင့်
နနိးတွင်းထဲရောက်ရင် ငြိမ်ငြိမ်လေးနေဖို့မှာရင်း ရက်ပိုင်းသာရှိသေးတဲ့မင်းသားလေးအကြောင်းကို
ပြောပြမိတော့
မြင်တောင်မမြင်ရသေးတဲ့ မင်းသားလေးကို ဘယ်လိုပုံစံလေးဖြစ်မလဲ ခန်မှန်းပြီးပြောနေတဲ့ ဆော့ဂျင်လေး...ရွာထဲမှာက ကလေးငယ်လေးတွေကသိပ်မရှိတော့ အဖော်မင်တဲ့ကလေးဖြစ်တာကြောင့်လည်း မင်းသားလေးကို တွယ်တာနေခြင်းပင်

More Than ForeverWhere stories live. Discover now