~ 21 ~

717 92 62
                                    

Uni

​ဆိုးချင်သပါ့ဆိုပြီးဆိုးသာဆိုးလိုက်ရတာ
မျက်ရည်၀ိုင်းပြီး ထွက်သွားတဲ့ ဂျွန့်မျက်နှာကို
မြင်ရတော့ စိတ်မကောင်းတာတော့အမှန်ပင်။
ဂျွန့်ရဲ့အခြေအနေက စိတ်ဖိစီးမှုတွေများခဲ့တာကို
သိသည်။သူ့အပေါ်လည်းယုံပေးခဲ့ပေမဲ့ ဂျွန်က အတွေးလွန်တတ်တဲ့သူတစ်ယောက်မို့ ချက်ချင်းဆုံးဖြတ်ရတဲ့ အခြေအနေမှာ သံသယ၀င်ခဲ့တာကို အပြစ်မဆိုနိုင်၊ဒါပေမဲ့ ၂ ရက်ထိတောင် သူ့ကို ပစ်ပယ်ထားနိုင်ခဲ့သည်။

တောင်ခြေမှာ ဂျွန်လာကယ်ဖို့ စောင့်ခဲ့ပေမဲ့
မရောက်လာတဲ့ အဆုံးမှာ သူ့ပုံစံနဲ့ နန်းတွင်းကို ပြန်၀င်ဖို့ မဖြစ်တော့တာမို့ အဘိုးနဲ့တူတူနေခဲ့တဲ့အိမ်ကိုသာ ရောက်အောင်ပြန်လာခဲ့ရသည်။
လုပ်ကြံမှုလို့ ယူဆရတဲ့အချိန် တစ်ဖက်က တိုင်းသိပြည်သိ လက်ဆက်ရမဲ့ ကြင်ယာတော်၊
တစ်ဖက်က သာမန်အရပ်သားချစ်ရသူ၊အခုလို
အဖြစ်အပျက်တွေကြား ဂျွန့်ကို ဗျာမများစေ
ချင်ခဲ့ဘဲ ကြိတ်ပြီး လုပ်ခဲ့မိတာက ဂျွန့်ကို
အခုလို ဖြစ်စေခဲ့ခြင်းရဲ့ တရားခံကသူသာ။
ပြန်တွေးမိရင် ဂျွန်ကသာ သူ့အပေါ် ပွင့်လင်းခဲ့
ပေမဲ့ သူ့ဘက်ကနေ ဂျွန့်အပေါ် ပွင့်ပွင့်လင်းလင်း ပြောပြခဲ့တာမျိုးက ကိစ္စအနည်းအကျဥ်းသာ။

'ဆော့ဂျင်´

'ဘယ်သူလဲ'

'ငါပါချန်းလေး´

'သြော် ၀င်ခဲ့လေ'

'မင်းသက်သာလား ဆော့ဂျင်´

'ဆိုပါတော့...သေတော့မသေပါဘူး'

'နောက်နေနိုင်သေးတာပဲ၊ငါစိတ်ပူလို့ လာခဲ့တာကို´

'ဒီလိုပဲ ငါရင်ထဲ တအားတင်းနေလို့'

'မျက်နှာက ဘာဖြစ်တာလဲ၊နှုတ်ခမ်းထောင့်က´

'ဂျွန် ထိုးထားတာလေ'

'ဘယ်လို?´

'အင်း၊မယုံဘူးမလား'

'သူက မင်းရုတ်တရက်ပျောက်သွားတဲ့ အပေါ် စိတ်ပူလို့နေမှာပါ၊မင်း တကယ်စိတ်ဆိုးလို့လား´

'ငါသိပါတယ် ဂျွန့်စိတ်ကို...စိတ်လည်းမဆိုးပါဘူး၊ဒီလောက်လေး ၀မ်းနည်းနေမိတာပါ။'

More Than ForeverWhere stories live. Discover now