~ 15 ~

718 113 55
                                    

Uni

ပွဲတော်ရက်က အောင်အောင်မြင်မြင်နဲ့ပြီးသွားပြီး တရုတ်နိုင်ငံနဲ့ ရေကြောင်းကုန်သွယ်ရေးရဲ့ ရာခိုင်နှုန်းကို အများဆုံးရခဲ့သည်မို့ သူထီးနန်းလွှဲပြောင်းမယူခင် တာ၀န်တစ်ခု ဖြစ်မြောက်သွားသလိုပင်။

'ဂျွန် ပင်ပန်းနေလား'

"မပင်ပန်းပါဘူး အစ်ကိုရဲ့"

'မျက်နှာက နွမ်းနေသလိုပဲ'

"ကျွန်တော်ဆက်မဖုံးကွယ်ထားချင်တော့ဘူး အစ်ကို၊ထီးနန်းမတက်ခင် ကြင်ယာတော်ရွေးပွဲကျင်းပရမှာ၊ခမည်းတော်က ဒါကိုပဲအား​ပေးနေတာ"

'​ဂျွန် သဘောကျလား၊လျာထားတဲ့ မိန်းမပျိုလေးတွေကိုလေ'

"ကျွန်တော့်အတွက် ရှင်သန်ခြင်းတစ်ခုလုံးမှာ သဘောကျမိတဲ့သူက အစ်ကိုပဲ၊တခြားသူတွေဘယ်လောက်ပဲပြီးပြည့်စုံနေပါစေ၊ကာမ အရေးကိစ္စတွေမှာ အားသာနေပါစေ ကျွန်တော်မတပ်မက်ဘူး အစ်ကို၊ကျွန်တော့်အတွက်က အစ်ကိုရှိနေဖို့ပါပဲ"

'ဒါပေမဲ့ ပြည်သူလူထုရဲ့အပြောနဲ့ မျိုးဆက်ကရှိနေသေးတယ် ဂျွန်'

"ပြည်သူတွေရဲ့အပြောကို အရေးစိုက်ရမှာက ဒီလို ကိစ္စတွေမှာမဆိုင်ဘူးထင်တယ်၊တိုင်းပြည် ဆုတ်လျော့အောင် လုပ်တာလည်းမဟုတ်သလို ပြည်သူတွေရဲ့ အနာဂတ်ပျောက်အောင် လုပ်တာမှမဟုတ်ဘဲ အဲ့တာကို မမှုပါဘူး။
မျိုးဆက်မရှိတော့ရော ဘာဖြစ်လို့လဲ ကျွန်တော် သေချာရွေးချယ်ပြီး တာ၀န်ကို ခန့်အပ်နိုင်မှာပဲကို"

ရွှန်းစိုနေတဲ့ မျက်လုံး၀ိုင်းတွေနဲ့ သူဖြစ်ချင်တာတွေကို တစ်ချက်ချင်း ရှင်းပြနေတဲ့ ဂျွန်က သူ့အတွက်တော့
မြတ်နိုးရတဲ့ ရှင်ဘုရင်သာ။သူတို့မေတ္တာမျှနေတယ်ဆိုတာနဲ့ ဂျွန့်ကို အခက်တွေ့စေမှာမလိုလား။

"အဲ့တာတွေကြောင့် မပြောချင်တာ၊ပြောရင် အစ်ကိုကတွေးပြီးမှိုင်နေတော့မှာကြိုသိတယ်"

'စဥ်းစားရုံပါပဲ၊အစ်ကိုက ဂျွန့်ကို ပိုင်ပြီးသားကို ဘာတွေတွေးနေရမှာတုန်း...တစ်ခုပဲ အရမ်းခက်ခဲလာတဲ့အခြေအနေမှာ ကြင်ယာတော်ကိုသေချာရွေးချယ်ပြီး လက်ဆက်ပါ၊
အစ်ကို့ထက် ပိုသင့်တော်တယ်လေ'

More Than ForeverWhere stories live. Discover now