~8~

1K 181 9
                                    

[Unicode]

ဂျွန်နဲ့ မင်းကြီးနဲ့စကားပြောကြမှာမို့
ဆော့ဂျင် လိုက်ဝင်လို့မဖြစ်တာမို့ အပြင်မှာသာ ရပ်စောင့်နေမိသည်။တစ်စတစ်စ ကြားနေရတဲ့ အသံတစ်စွန်းတစ်စမှာ ဂျွန့်ရဲ့ အသံက
ကြည်မနေ။အသံတွေ ငြိမ်ကျသွားတာမို့
နားစွင့်နေမိတုန်း တံခါးကို ရုတ်တရက်ဖွင့်ပြီး
ထွက်လာတဲ့ ဂျွန်ကြောင့် တုန်ခနဲပင်။

‘ဂျွန်...အဆောင်ကိုပဲပြန်မှာလား’

ပြန်ဖြေမလာဘဲ ရှေ့ကနေသာ ခပ်သွက်သွက်လျှောက်နေတဲ့ ဂျွန်ကြောင့်
လိုက်လို့ပါမမှီတော့။အရှေ့ကနေ ဖြတ်သွားတဲ့ မှူးမတ်တွေကို လမ်းဖယ်ပေးဖို့ ရှောင်လိုက်ရတော့
ခြေထောက်က ခွေသွားတာမို့ မျက်ခနဲပင်။
အခုထိလည်း သူ့ကို အာရုံတောင် မရှိဘဲ ထွက်သွားတဲ့ ဂျွန်ကြောင့် သိမ့်တက်လာတဲ့ ဝမ်းနည်းစိတ်က ထိန်းမရတော့တာမို့ ဒီနေရာကနေကို ကြိုးစားမထကြည့်မိ။

'ဆော့ဂျင်...ကျောပေါ်ကို တက်လို့ရတယ်မလား'

‘ချန်းလေး’

'ခဏနေရင် မှူးမတ်တွေရဲ့ညီလာခံရှိတယ်။လူတွေပိုရှုပ်လာလိမ့်မယ်။မင်း အဆောင်ကို ပြန်ပို့ပေးမှာမို့ ငါ့ကျောပေါ်တက်လိုက်'

‘မင်းက ဘယ်လိုဖြစ်ပြီး။အာ့’

မေးခွန်းထုတ်ဖို့ ပြင်နေတဲ့ ဆော့ဂျင် ကို ကျောပေါ်ဆွဲတင်လိုက်တော့ သာသာလေးပါလာသည်။
ဒီလောက်တောင် ပေါ့ပါးလွန်းနေတာကို ချန်းလေး စဉ်းစားမရ။ရုတ်တရက်မို့ လန့်သွားသည်ထင် ငြိမ်ငြိမ်လေးပဲ ကျောပေါ်က ပါလာတာမို့
ဘာမှဆက်မပြောနေဘဲ နန်းတွင်း အနောက်ဘက်က
တောင်ကုန်းမို့်မို့ပေါ်သာ ခေါ်လာလိုက်သည်။

'ဒီမှာထိုင်လိုက်'

‘ဒီနေရာရှိနေမှန်းမသိသေးဘူး။လှလိုက်တာနော်’

'ဝမ်းနည်းနေတယ်မလား။စိတ်ကြည်သွားအောင်လေ
ငါ ငယ်ငယ်က ဦးလေးနဲ့ လိုက်လာဖြစ်တိုင်း
ဒီနေရမှာလေးပဲ အမြဲလာနေဖြစ်တာ'

‘မင်းက မျိုးရိုးမြင့်တွေထဲကပဲလား’

'မဟုတ်ပါဘူး။ဒီတိုင်းပဲ ဒါတွေကို မင်း မသိချင်ပါနဲ့ ရှုပ်ထွေးလွန်းတယ်'

More Than ForeverWhere stories live. Discover now