~ 10 ~

997 142 28
                                    

Uni

အစ်ကို့ကို တစ်မနက်လုံးမတွေ့မိတာကြောင့် မနက်ထဲက လိုက်မေးနေပေမဲ့
တွေ့တဲ့သူက သိပ်မရှိ။အထိန်းတော်ဋ္ဌာနအထိရောက်လာတော့မှ အကျိုးအကြောင်းသိရမည့်ပုံပင်။

"အထိန်းတော်ကင်မ်ကိုတွေ့မိသေးလား"

'ဟန်လူမျိုးတွေ ကြိုဆိုပွဲအတွက် ကြက်တွေသွားဖမ်းကြတယ်၊ကိုယ်ရံတော်ချွဲလည်းပါသွားပါတယ် အိမ်ရှေ့စံ´

"ကောင်းပါပြီ အထိန်းတော်ကြီး"

နန်းပြင်တောင်ထွက်ပြီး ကြက်သွားဖမ်းသည်တဲ့ ဘယ်လိုတောင်လုပ်နေတာလဲ အစ်ကိုလို့မေးယူရမယ့်ကိန်းပင်။သူလည်းလိုက်ထွက်ချင်ပေမယ့် ဟန်လူမျိုးတွေနဲ့ တွေ့ဆုံပွဲကျ စီစဥ်စရာ အရေးတွေရှိနေသေးသည်မို့ ထွက်လို့မဖြစ်တော့။

"အစ်ကို့ကို ချုပ်တည်းဖို့က တကယ်မလွယ်တာပဲ"

{~}{~}

'ပွဲတော်တည်မယ့် ကြက်တွေကဖွံ့ဖြိုးနေတာပဲ။ဒီကောင်ကြီးတွေကို ဘယ်လိုဖမ်းရမှာလဲ ချန်းလေး'

'ငါမသိဘူးလေ မင်းဘာသာမင်းဖမ်းလေ´

'အဲ့လိုလုပ်လို့ရမလား မင်းလိုက်လာတာလေ ကူဖမ်းပေး'

'လုံး၀မဖမ်းပေးဘူး´

'အားးဒီကိုယ်ရံတော်ကတော့ ကြက်တွေကိုချည်သလို ချည်ပစ်လိုက်လို့ရရင်ကောင်းသား'

'ကြားရတယ်နော် ကင်မ်ဆော့ဂျင်´

'ကြားကြားပေါ့၊မင်းကိုလေ ဂျွန်နဲ့တိုင်ပစ်မှာ အားးးအမေ့'

ကြက်ကထပျံပြီး အတောင်က ဆော့ဂျင်အင်္ကျီကိုရိုက်ချလိုက်တာမို့ လန့်သွားသည်ထင် ချက်ချင်းပင်ထပြေးတော့ ကြက်တွေကလည်း တစ်ကောင်တစ်နေရာစီ။

'ဒီကြက်ယုတ်မာကတော့ တစ်ကောင်တစ်နေရာစီပြေးကုန်ပြီ အကောင် နှစ််ဆယ်ရမှ နန်းတွင်း၀င်ရမှာကို၊မင်းကိုမိအောင် ဖမ်းပြီး ကင်စားမှာ'

လန့်ပြေးကုန်တဲ့ ကြက်တွေကို အထိန်းတော်၀တ်စုံပွကြီးနဲ့ လှုပ်တုပ် လှုပ်တုပ်ပြေးဖမ်းနေတဲ့ ဆော့ဂျင်ပုံစံက မြင်ရတဲ့သူတွေအတွက် ချစ်ဖို့ကောင်းနေတာက သေချာပင်။

More Than ForeverWhere stories live. Discover now