~4~

1.3K 203 24
                                    

[Unicode]

မူဂျူ ပွဲတော်ရက်မို့ ပြင်ဆင်စရာရှိတာပြင်ဆင်ဖို့
ဈေးထဲမှာရှုပ်ယှက်ခတ်နေကြတဲ့ လူတွေနဲ့
မတူညီစွာဆော့ဂျင်ကတော့ အိပ်မောကျလျက်ပင်
မနေ့က နန်းတွင်းကိုသွားဖို့အတွက် ကျန်းမာရေးစစ်ဆေးမှုတွေ သွားလုပ်ခဲ့ရသည်မို့
ကိုယ်လက်တွေကိုက်ခဲပြီး ပင်ပန်းနေသည်က
သူ့ကို အခုချိန်ထိ အိပ်နေမိစေတာပင်
ထလို့ရပေမဲ့လည်း မထချင်မိ
သူ့ရဲ့ သာမန်ဘဝက အခုရက်ပိုင်းလေးပြီးရင် ကုန်ဆုံးတော့မှာမို့ ပျော်ပျော်ကြီး အကုန်ခံမှ သင့်မည်လေ

'ဆော့ဂျင်ရေ...ဆော့ဂျင်"

အတွေးတောင်မဆုံးသေး ဝံပုလွေသံလို
ဟိန်းဝင်လာတဲ့ မင်ဆိုးရဲ့အသံ
သူက အပြင်ကနေကို အကုန်ကြားအောင်
အမြဲအော်ခေါ်တတ်သည်လေ

‘မင်ဆိုးရာ...ဘာလာလုပ်ပြန်တာလဲ’

'ပွဲတော်ရက်ကို နေမွန်းတည့်ထိ အိပ်တာတော့မကောင်းပါဘူးနော် ဆော့ဂျင်"

‘မသိဘူး...ငါကတော့ ဆက်အိပ်မှာပဲ...အရင်နှစ်တွေ အဘိုးရှိတုန်းကတောင် မူဂျူပွဲက ငါဆင်နွှဲနေတဲ့ ပွဲမှမဟုတ်ဘဲ’

'မင်းအသက် ဘယ်လောက်ရောက်ပြီလဲ
တုံးအလွန်းပါတယ် ကင်မ်ဆော့ဂျင်ရဲ့"

‘တုံးအတယ်ပဲ ထားဦး...အိပ်ချင်တာမို့ ပြန်တော့’

'မပြန်ချင်ပါဘူး..ဒေါ်ကြီးကိုတောင်ဆိုင်ကနားခဲ့ပြီးပြီကို မင်းလည်းလိုက်ခဲ့လေ...ဆန်အရက်သောက်မယ်
ဆောင်းကြာမြိုင်ကိုသွားကြမယ်လေ"

‘မသွားချင်ပါဘူး...အကြွေတွေ ကုန်ရကုန်နဲ့’

'ထပါကွာ မသွားရင်တောင် အိပ်တော့အိပ်မနေနဲ့လေ တစ်နှစ်မှ တစ်ခါ လှလွန်းတာထက်ပိုတဲ့ ပွဲတော်ရက်လေ"

‘ထပြီ...ထပြီ မုဆိုးမျက်နှာနဲ့ အသနားခံမနေနဲ့’

'အရူးကောင်"

မင်ဆိုးကို ခြေထောက်နဲ့ ဦးအောင်အရင်
လှမ်းကန်ပြီး ဆော့ဂျင် ပြေးထွက်လာလိုက်သည်
မင်ဆိုးမိရင် လွယ်မှာမဟုတ် ခြေတံရှည်လွန်းတဲ့ မင်ဆိုးက သူခြေလှမ်းငါးလှမ်းဆို မင်ဆိုးကသုံးလှမ်းပင်

More Than ForeverWhere stories live. Discover now