~ 16 ~

681 108 62
                                    

Uni

အာရုဏ်တက်ချိန်ထဲက မြှားပစ်နဲ့ မြင်းစီးတာပြန်လေ့ကျင့်ဖို့ထွက်သွားတဲ့
ဂျွန့်နောက်မလိုက်ဘဲ ရုပ်ဖျက်ပြီး မြှားရေးကိုသာ အလျင်မှီအောင်ပြန်ကျင့်နေလိုက်သည်။

'ဆော့ဂျင်´

'ချန်းလေး'

'မင်းက လိုက်သွားမို့ပေါ့´

'မင်းက ဂျွန့်ကိုယ်ရံတော်မလား၊ဘာလို့ လိုက်မသွားတာလဲ'

'ငါမလိုက်ရဘူးလေ၊အိမ်ရှေ့စံက ငါ့ကို ကိုယ်ရံတော်ရာထူးကနေ ဖြုတ်ထားတယ်၊အခုတော့ ရာထူးမဲ့လူတန်းစားပေါ့´

'ဘယ်လိုဖြစ်တာလဲ'

'သူ့အတွက် မလိုလိုတဲ့´

'ဂျွန်ကတော့'

'ထားပါ မင်းအခု အမှီလိုက်မှာမို့၊
လေ့ကျင့်လေ´

'အင်း'

'ခဏလေး၊ငါ ဒီ တည်သီးကို ခေါင်းပေါ်တင်ထားမယ်၊ရအောင်ပစ်´

'ဟင့်အင်း၊ငါအဲ့လောက် မစွန့်စားရဲဘူး၊
ချန်းလေး'

'ဆော့ဂျင်၊ငါ့ကိုကြည့် မင်းပျော့ညံ့လို့်
မရဘူးလေ´

'မင်းဖြစ်နေတယ်လေ၊ငါ့အတွက် ချန်းလေး၊မင်းကတန်ဖိုးရှိတဲ့သူလေ ငါဘယ်လိုစိတ်နဲ့ ဒီမြှားကို မင်းခေါင်းပေါ်
ချိန်ရမလဲ'

'မင်းချစ်တဲ့သူကို ကာကွယ်ဖို့ပေါ့´

'ချန်းလေး!ဘာတွေဖြစ်နေတာလဲ'

'ဆော့ဂျင် တစ်ခုမေးမယ်၊အိမ်ရှေ့စံလား...ငါလား´

'ငါမဖြေချင်ဘူး၊ဂျွန်ရော မင်းရောက ငါ့အတွက် တန်ဖိုးရှိတယ်'

'အဲ့တာဆို ငါ့ခေါင်းပေါ်က ပစ်မှတ်တည်သီးကို မင်းထိအောင်ပစ်၊အဲ့တာမှ ငါက မင်းရဲ့ တန်ဖိုးထားခံရတာကိုယုံပေးမယ်´

ပြောင်းလဲစပြုနေတဲ့ ချန်းလေးရဲ့ ပုံစံတွေကို ဆော့ဂျင်သဘောမကျ၊သူသိခဲ့တဲ့ ချန်းလေးက ပါးချိုင့်နက်နက်တွေနဲ့
အပြုံးတွေက ချိုလွန်းသည်။မျက်၀န်း
ကျဥ်းကျဥ်းထဲက မျက်လုံးအိမ်တွေက အမြဲကြည့်တိုင်း ကြည်လင်နေတတ်ပေမဲ့ အခုက ရှုပ်ထွေးခြင်းအလားအလာတွေသာ။

More Than ForeverWhere stories live. Discover now