~ 24 ~

702 93 20
                                    

Uni

ရိက္ခာတွေကို အောင်အောင်မြင်မြင်နဲ့ လှည့်ထုတ်နိုင်ခဲ့တာမလို့
ထိုးစစ်ရော တိုက်စစ်ရောကို လူအင်အားမျှတရင် တိုက်ခိုက်နိုင်တဲ့အနေအထားမလို့ အဆင်မပြေစရာရယ်မရှိ။အခုထိ
လုံလုံလောက်လောက် မရနိုင်သေးတဲ့ လက်နက်တစ်ချို့က
လည်း ရက်ပိုင်းအတွင်း နန်းတွင်းကို တင်ပို့လာမှာမလို့
အချိန်ကိုက်ဖြစ်နေမှာသာ။

"ကျွန်တော့်သဘောအရဆို လူအင်အားကို အကုန်ချပြပြီး တစ်လမ်းထဲက ချီတက်တာမျိုးထက် သုံးပုံတစ်ပုံကို နန်းတွင်းမှာ
အစောင့်ထားပြီး ကျန်တဲ့သူတွေက ပင်မလမ်းနဲ့ စစ်ချီမဲ့ လျှိုမြောင်လမ်းကို ရံထားရင် ပိုပြေလောက်ပါတယ်"

'အိမ်ရှေ့စံပြောတာကို လက်ခံရဲ့လား၊အကြံပေးချင်တာတွေရောရှိသေးလား အမတ်မင်းတို့'

'မရှိတော့ပါဘူး မင်းကြီး၊အိမ်ရှေ့စံ တွက်ချက်ထားတဲ့ပုံအရဆို
မှန်ကန်ပြီး သင့်လျော်ပါတယ်'

"အဲ့တာဆို အကုန်လုံးစီစဉ်ထားသလိုပဲ သွားကြတာပေါ့၊
ကျွနတော် စစ်ဆေးစရာလေးတွေရှိသေးလို့ ခွင့်ပြုပေးပါဦး"

စစ်ရေးစစ်ရာနဲ့ တိုင်းပြည်အရေးက ရှုပ်ထွေးလွန်းနေတာကြောင့် ၃ ရက်ရှိပြီ အစ်ကို့ကို သွားမတွေ့နိုင်ခဲ့ပါ၊အဆိုးဆုံးက နန်းတွင်းကသူတော်တော်များများက ၀မ်းရောဂါက ကူးစက်ရောဂါ မဟုတ်ပေမဲ့လူတိုင်းဖြစ်နေတာမလို့ ရောဂါပျံ့ပွားမှုရော၊တိုင်းပြည်ရေးရောကိုမျှတအောင်စီမံနေရတာက ပိုပြီး ခက်ခဲစေသည်အထိ။စစ်ရေးအတွက်ပြင်ဆင်နေရချိန်မှာ သူ့မှာ အိပ်ချိန်မရဘဲမိုးသောက်ယံ ဖြစ်ဖြစ်သွားသည်အထိပင်။အစ်ကို့ကိုလည်းတွေ့ချင်နေမိပေမဲ့ ကိုယ်စီရှုပ်နေကြတဲ့အချိန်မှာပင်။

'ဂျွန်!'

"အစ်ကို၊ကျွန်တော် လွမ်းနေခဲ့တာ"

'အခုမှအစ်ကိုလည်း အားလို့ပါ၊ဆေးတွေကူပေးပြီးမှ ထွက်လာတာ
မလို့လေ'

"ကျွန်တော့်ကြောင့် အစ်ကိုပါပင်ပန်းနေရပြီ"

'အစ်ကိုတော့ အဲ့လို မထင်မိပါဘူး၊ထားပါ စိတ်ညစ်စရာတွေ
မပြောဘဲ အစီအစဉ်တွေကိုပြောကြည့်ဦး'

More Than ForeverWhere stories live. Discover now