~ 14 ~

714 115 27
                                    

Uni

'ပွဲတော်ချိန်နီးနေပါပြီ အိမ်ရှေ့စံ´

"အစ်ကို့ကို တွေ့မိသေးလား ကိုယ်ရံတော်ချွဲ"

'မတွေ့မိပါဘူး အိမ်ရှေ့စံ´

"တစ်မနက်လုံးလိုက်ရှာနေမိတာကို
အစ်ကိုကတကယ်ပဲ"

'ရိုးရာအကလေ့ကျင့်တဲ့နေရာမှာပဲရှိနေမယ်ထင်ပါတယ်´

"ရှာပြီးပြီ မတွေ့တာ"

'အဲ့တာဆို အရေးတစ်ခုခုရှိနေလို့နေမှာပါ၊သံတမန်အမတ်မင်းတွေကို သွားကြိုဖို့ ပြင်ဆင်ရအောင်ပါ အိမ်ရှေ့စံ'

ခေါင်းငြှိမ့်ပြီးသာ အသင့်ထုတ်လာတဲ့ မြင်းကိုစီးပြီး ဆိပ်ကမ်းသို့ အမြန်နှင်မိသည်။ဆိပ်ကမ်းရောက်တော့ အသင့်ရောက်နှင့်နေတဲ့ အမတ်မင်းတွေ
ကြောင့် တာ၀န်ပေါ့လျော့သလို ခံစားမိတာကြောင့် စိတ်ကအပြစ်တင်စိတ်နဲ့ မကြည်တော့။

"နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်"

'မဟုတ်တာပဲ အိမ်ရှေ့စံ၊ရွက်လှေက ဆိပ်ကမ်းကပ်တာ စောတာကြောင့်ပါ၊အိမ်ရှေ့စံရဲ့ ပေါ့ဆမှုမဟုတ်ပါဘူး´

အမတ်မင်းရဲ့စကားက စိတ်သက်သာတော့ မရစေနိုင်။လှည်း၁၀စင်းစာလောက်ရှိတဲ့ လက်ဆောင်ပစ္စည်းတွေကို သေချာသယ်ယူဖို့ မှာရင်း အမတ်မင်းတို့ကို အဖော်ပြုကာ နန်းတော်ကို ပြန်လာလိုက်သည်။

"ကိုယ်ရံတော်ချွဲကပဲ ပွဲတော်အတွက် လိုတာတွေကိုစီမံပေးနှင့်ပါ၊အမတ်မင်းတွေကို ဧည့်၀တ်ပြုထားလိုက်မှာမို့
ကူညီပေးပါ"

'ဟုတ်ကဲ့ပါ အိမ်ရှေ့စံ´

ကိုယ်ရံတော်ချွဲ ထွက်သွားတော့ ခမည်းတော်နဲ့ အမတ်မင်းတွေတွေ့ရအောင်
သူကပဲ ဦးဆောင်စီစဥ်ပေးရသည်။
အစ်ကိုကရော ဘယ်ရောက်နေလဲဆိုတဲ့ အတွေးက ခပ်ဆဆတွေးမိပေမဲ့ အာရုံများနေလို့ကမဖြစ်ပေ။

"နေ၀င်ချိန် ပွဲတော်ချိန်စရင် တွေ့ရမှာပဲကို၊ဂျွန်ဂျောင်ကုရေ အာရုံစူးစိုက်ထားပါ"

{~}{~}

မနက်အာရုဏ်တက်ထဲက သံတမန်အမတ်တွေစားရအောင် ရိုးရာမုန့်တစ်ခုကို ကူလုပ်ပေးနေတာကြောင့် မအားတာနဲ့ မနက်စောစော ဂျွန့် တာ၀န်တောင်မလုပ်ဖြစ်ပေ။မွန်းတည့်ချိန်တစ်လျှောက်လုံးလည်း အကလေ့ကျင့်နေရတာ​နဲ့မို့ ညောင်းချိလာပေမယ့်
ဂျွန့်အတွက် ဂျွန်ချစ်တဲ့ တိုင်းပြည်အတွက် အထောက်အကူတစ်ခုပြုမယ်ဆို သူပင်ပန်းရတာက အသေးအမွှားလို့တောင် စာဖွဲ့စရာမလိုသောအရာပင်။

More Than ForeverWhere stories live. Discover now