~6~

1.1K 184 11
                                    

[Unicode]

'ဂျွန် ထတော့လေ...ဒီနေ့ အမတ်မင်းဆီသွားရဦးမှာမလား'

"ဟုတ်ကဲ့ အကို၊ကျွန်တော် အခုထပြီ"

စကားသာပြန်ပြောလာပေမဲ့ အိပ်ရာကအခုထိမထသေး။
မနေ့က စာကြည့်ဆောင်ကနေ စာအုပ်တွေ အများကြီးယူလာပြီး သန်းခေါင်ထိထိုင်ဖတ်နေတာမို့
အခုအချိန်ထိ မထနိုင်သေးတာပင်။

'မထရင်လည်းနေတော့...အကို သွားနှင့်ပြီ'

"နိုးပြီဆိုနေ...အကို စာအုပ်တွေ သိမ်းထားလိုက်နော်"

'အခုမှပဲ ထတော့တယ်'

စားဖိုဆောင်ကနေ စားစရာတွေသွားယူပေးပြီး
ပြန်လာတော့ ဝတ်ရုံတောင် ဝတ်ပြီးနေတဲ့ ဂျွန်။
ဂျွန်က သူ့ကို ဘာမှမခိုင်းတာမို့ အချောင်ခိုနေသလို
ခံစားမိလာပြန်သည်။အိမ်ရှေ့စံ ရဲ့ အထိန်းတော် တစ်ယောက်ဖြစ်ပြီး ဘာမှမလုပ်ဘဲ နေနေရတာကိုတော့တကယ်မကြိုက်။

'အကို့တာဝန်ကို အကိုပဲလုပ်ချင်တယ်။'

"ကျွန်တော်က အကိုလုပ်ပေးတာပဲ စောင့်နေမယ်ဆို နောက်ကျ ကိုယ့်ဘာသာကိုယ် မလုပ်တတ်တော့ရင် ဘယ်လိုလုပ်မလဲ"

'ဖြစ်စရာအကြောင်းမှမရှိဘဲကို'

"ကျွန်တော်ပြောတယ်လေ...အကိုက ကျွန်တော့်အနား အရိပ်လေးလိုပဲ ကပ်နေလို့ အဲ့တာ အကို့တာဝန်ပဲ"

'ဂျွန့်ရဲ့ တာဝန်ကရော...'

"ကျွန်တော့်တာဝန်ကလား။ကျွန်တော်ရှင်သန်နေထိုင်နေတဲ့ တိုင်းပြည်ကို တိုးတက်စည်ပြောအောင် လုပ်ပေးဖို့ရယ်...ကျွန်တော့်ရဲ့ အဖိုးတန် လူသားငယ်ကိုကို့ကို ကာကွယ်စောင့်ရှောက်ပေးဖို့ရယ်"

'ကိုကို'

"အမတ်မင်း အိမ်တော်သွားဖို့နောက်ကျမယ်လေ သွားရအောင် အကို"

သံယောင်လိုက်ကာမေးမိပေမယ့် အဖြေတစ်စုံတစ်ရာ ပြန်မပေးချင်တဲ့ဂျွန်က စကားစဖြတ်ချတာမို့ သူဆက်ပြောဖို့ရာမရှိတော့...ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး အမတ်မင်းအိမ်တော်ကို လိုက်သွားဖို့သာ လုပ်ရသည်။

<~><~>

'အိမ်ရှေ့စံ အရင်ကပြောဖူးတဲ့ ဆည်မြောင်းတစ်ခုတိုးဖောက်ဖို့ကိစ္စကလေ ဘဏ္ဍာရေးနဲ့လည်း သက်ဆိုင်သွားပြီ။မင်းကြီးကိုလည်း
လျှောက်တင် ပြီးသားမို့ အဆင်တော့ပြေမှာပါ'

More Than ForeverWhere stories live. Discover now