~ 20 ~

696 108 70
                                    

Uni

ဂျွန့်အဆောင်ရှေ့မှာ တံခါးခေါက်ဖို့ ရပ်စောင့်နေရင်း အတွေးတို့က ခပ်လွင့်လွင့်။လူမသိပေမဲ့ ဂျွန်နဲ့သူက တရား၀င်​အထမြောက်သွားခဲ့ပြီးသားအခြေအနေတစ်ခုပေမဲ့ အရင်ကထက် အနေပိုကြပ်လာသည်။ပတ်၀န်းကျင်ရဲ့ အကြည့်တွေက သူ့အပေါ်သာ သက်ရောက်နေသလို တစွန်းတစ ကြားရတဲ့ စကားတွေက ဂျွန့်သိက္ခာကိုတောင် ထိခိုက်စေတဲ့ စကားတွေပင်။သူ့ကို ကိုယ်လုပ်တော် လို့ ပြောပါစေဦး ခံနိုင်ပေမဲ့
ဂျွန့်ကို ကိုယ်ကျင့်တရားပျက်ပြားတဲ့သူလို့ ပြောတာကိုတော့ မကြိုက်ပေ။

"အစ်ကို...အပြင်မှာဘာလုပ်နေတာလဲ၊လာလေ"

'အင်း ၀င်ခဲ့မယ်လေ'

"အစ်ကို့ခေါင်းမှာသစ်ရွက်တွေပါလား
ဘယ်လိုဖြစ်တာလဲ,,,နောက်ပြီး ဖုန်တွေရော"

'ဥယာဥ် သန့်ရှင်းရေးလုပ်တာလေ၊
ချော်ကျတာနဲ့ '

"ဘယ်နားနာသွားသေးလဲ အစ်ကို"

'ဘာမှမဖြစ်ပါဘူး။ဂျွန် အားရဲ့လား'

"အင်း၊လက်ဆက်ပွဲကိစ္စအတွက် လုပ်နေရလို့ ရှုပ်နေပေမဲ့ ဂျွန့်ရဲ့အထိန်းတော်လေးအတွက်ဆို
အားပါ့"

'စကားကြွယ်တိုင်းနော်။အစ်ကို နန်းပြင် သွားချင်လို့ တလောက အပ်ထားတဲ့ ကြွေထည်လေးရပြီလားလည်းသိချင်တာရော၊စားဖိုဆောင်က
ကင်မ်ချီတွေ သိပ်ဖြစ်တော့ မယ်မယ့်ကို
သွားပေးချင်လို့'

"ကျွန်တော်လည်းလိုက်မယ်လေ အစ်ကို။
တစ်ယောက်တည်းကျ အန္တရာယ်များတယ်"

'ဂျွန်အားလို့လား'

"အားပါ"

'အိမ်ရှေ့စံ! ကြင်ယာတော်က အနောက်ဘက်တောင်ကုန်းပေါ်က လှိမ့်ကျလို့တဲ့´

"ဘယ်လို!"

'တောင်ကုန်းက မြင့်တဲ့အပြင် အခုထိ ရှာမတွေ့သေးတာမို့ အရေးကြီးပါတယ် အိမ်ရှေ့စံ´

ပြာပြာသလဲ ဖြစ်သွားတဲ့ ဂျွန့်မျက်လုံးတွေက
ယွန်းဆောကို ဘယ်လောက်စိတ်ပူနေလဲ ဆိုတာ
သူ တပ်အပ်မှန်းနိုင်ပါသည်။၀တ်ရုံကို အမြန်၀တ်ပြီး ဖိနပ်တောင် မပါဘဲ ပြေးထွက်သွားတဲ့ ဂျွန့်ကြောင့် သူလည်း အနောက်က အလျင်လိုက်ပေးမိသည်။

More Than ForeverWhere stories live. Discover now