~3~

1.3K 233 42
                                    

[Unicode]

မြှားပစ်လေ့ကျင့်ရင်း တွေးနေမိတာက အကို့အကြောင်းတွေသာ...နန်းတွင်းကနေ အကို့ဆီကို ပေလွှာ ပို့လို့ရပေမဲ့ မှူးမတ်တွေက သွားပို့ပေးတဲ့အခါကျ အကိုက အိမ်ရှေ့စံဆိုတာကို သိသွားနိုင်သည်မို့ ပို့လို့မဖြစ်နိုင်...ဦးရီးကို အကူအညီတောင်းရင်လည်း မရနိုင်
မြှားပစ်လေ့ကျင့်ရင်းတောင် အကို့အပြုံးတွေက ပေါ်ပေါ်လာသည်မို့ ဂျောင်ကု
တည်ချက် လွဲသည်အထိပင်

"အိမ်ရှေ့စံ..ဘာတွေ အာရုံများနေတာလဲ'

ခမည်းတော်ရဲ့အသံတစ်ခုက အကုန်လုံးကို ခဏတာ မေ့လျော့သွားစေနိုင်တဲ့အထိပင် ပြန်ဖြေစရာစကားရယ်လို့မရှိတာမို့
ဂျောင်ကု အရိုအသေပြုပြီးသာ ရပ်နေမိသည်

"အတွေးတွေများနေတာ မဖြစ်သင့်ဘူးနော် ရန်သူက ခြေတစ်လှမ်းအသာစီးရသွားနိုင်တယ်'

"နားလည်ပါတယ် ခမည်းတော်"

"ကျန်းမာရေးလည်း မကောင်းတော့တာမို့ သက်ဆိုးကမရှည်နိုင်တော့ဘူးဆိုတာ သိမှာပါ
စိတ်ချချင်တယ်...ဒီတိုင်းပြည်နဲ့ပြည်သူတွေကို အခုထက်ပိုပြီး စည်ပင်သာယာဝဖြောအောင် လုပ်နိုင်ဖို့က ထီးနန်းဆက်ခံမယ့် အိမ်ရှေ့စံတစ်ယောက်က အရေးကြီးတာကိုသိထားပါ'

"ကျွန်တော်နားလည်ပါတယ်...
ကြိုးစားစွမ်းဆောင်ပါ့မယ်"

"မိဖုရားကြီးကို သွားတွေ့ဦး...နန်းဆောင်ကိုမလာလို့ မျှော်နေတယ်...ကိုယ့်မယ်တော်က ကျန်းမာရေး အစိုးမရတာလည်းသိသားနဲ့ သွားတွေ့လိုက်ဦး'

"ဟုတ်ကဲ့ပါ မြှားပစ်လေ့ကျင့်ပြီးတာနဲ့
ပန်းဥယျာဉ်သွားပြီး မယ်မယ့်ဆီသွားလိုက်ပါ့မယ်"

ခေါင်းတချက်သာငြှိမ့်ပြပြီးထွက်သွားတဲ့ ခမည်းတော်ကိုကြည့်ပြီးတွေးလာမိတာတွေက အများကြီးပင်...ခမည်းတော်က သားတော်ဆိုလို့ သူတစ်ယောက်ပဲရှိတာမို့ အကုန်လုံးထက်ကိုပိုပြီး
မျှော်လင့်ထားသည်လေ...ထီးနန်းအရိုက်အရာကို
လွှဲပြောင်းပေးဖို့ရော ထိမ့်းမြှားလက်ထပ်ပေးဖို့အထိပါ
ကြိုတင်တွေးထားသည်မို့ ဒါတွေက မလွှဲမသွေ သူလုပ်ရမယ့်အရာတွေပင်...
အိမ်ရှေ့စံတစ်ယောက်ဆိုတာထက်ကို ပိုပြီး သူ့ဆီမှာ တာဝန်ဝတ္တရားတွေအပြည့်ရှိသည်

More Than ForeverWhere stories live. Discover now