~ 23 ~

877 93 10
                                    

Uni

ဂျွန့်ကို စိတ်ပြေအောင် လွှတ်ပေးလိုက်ပြီး
ဘယ်လိုရှင်းပြရမလဲဆိုတဲ့ အတွေးနဲ့ညဥ့်နက်နေတာတောင် သူအိပ်မပျော်နိုင်သေးပါ။
အခုအခြေအနေမှာ နှစ်နှစ်ခြိုက်လည်း အိပ်မပျော်နိုင်တာမို့ အခန်းထောင့်မှာမှီပြီး လမင်းကြီးကိုသာငေးကြည့်နေမိသည်။

အခန်းအပြင်က ကြားရတဲ့ ခြေသံကြောင့်
ဆောင်ထားတဲ့ ဓားကိုအသင့်ပြင်ပြီး
တံခါးကို ဆွဲဖွင့်လိုက်တော့ ဒဏ်ရာဒဏ်ချက်တွေနဲ့ ချန်းလေးကပြုံးပြလာသည်။
အချိန်တိုင်းပြုံးပြနေရအောင်ထိ မင်းမှာ
ခံစားချက်မဲ့သွားပြီလားလို့ကို မေးချင်မိသား။

'ကျေးဇူးပါ ဆော့ဂျင်၊ငါ့ကိုယုံကြည်ပေးလို့'

'ငါမင်းကိုယုံပါတယ်၊အခုရောအဆင်ပြေရဲ့
လားဟင်၊ဘယ်လိုဖြစ်ရတာလဲ'

'တာ၀န်လဲတဲ့အချိန်ဖြစ်သွားတာပါ၊နောက်ပြီး
ငါ...ငါလေ လူသတ်ခဲ့မိပြီ'

'ဘယ်လိုဖြစ်တာလဲ ချန်းလေး'

'ဟိုဘက်ကို သတင်းပေးနေတဲ့သူကို
သတ်လိုက်မိတာ ဆော့ဂျင်၊အခုသေသွားပြီ
အဲ့တာကို အိမ်ရှေ့စံက အဲ့သေတဲ့သူကိုပဲ
သက်သေတွေနဲ့ပြန်ယူပြီး ငါ့ကိုလွှတ်ပေးခဲ့တာ၊မင်းတို့အဆင်ပြေရဲ့လားဟင်၊ငါ့ကြောင့်
ပြဿနာဖြစ်ကြသေးလား'

'ဒီတစ်ခါ အထင်လွဲခံရတာ ကြီးတော့ ကြီးပေမဲ့ပေါ့၊ငါရှင်းပြနိုင်မှာပါ ဂျွန်နားလည်ပေးနိုင်မယ်လို့လည်း ထင်ပါတယ်၊နောက်ပြီး ယွန်းဆော
မင်းကို စိတ်ပူနေလောက်တယ်၊ရုပ်ဖျက်ပြီး
ဖြစ်ဖြစ် သွားတွေ့လိုက်ပါဦး'

'ငါတောင်းပန်ပါတယ်၊မင်းနဲ့ အိမ်ရှေ့စံရဲ့ကြားထဲ
အရှုပ်ဖြစ်စေမိလို့'

'မဟုတ်တာ ဂျွန်လည်း သွေးပူနေလို့ပါ၊အဲ့အချိန်လေ ဂျွန်က ငါ့ကိုထိုးရင်တောင် တကယ်ပြုံးပြုံးကြီး ခံနေမိမလားပဲ၊မင်းလို ခံစားချက်မဲ့နေတာမဟုတ်ဘဲ ထိုက်သင့်တဲ့ အပြစ်ဒဏ်ကို ဂျွန်ပေးတယ်လို့ တွေးမိပြီးပေါ့'

'ငါဒါလေးလာပေးတာ၊အခုတိုက်ပွဲအတွက်ဆို
အရေးပါလောက်တယ်၊ပန်းသီးရည်စိမ်ပြီးမှ
မြေပုံဆွဲထားတာမို့ မီးအလင်းရောင်နဲ့ကြည့်ရင် မြင်ရလိမ့်မယ်၊အလယ်လမ်းက လျှိုမြောင်ကို
တန်းဖြတ်ပြီး ခရီးလမ်းတိုတာမို့ အဲ့မှာက
တပ်အင်အင်အားရဲ့ ၄ပုံ ၂ ပုံကိုချထားတယ်၊
တောင်ကြားလမ်းက နာရီပိုင်းလောက်ပိုကြာနိုင်တယ် အဲ့မှာက ရာချီပဲရှိတယ်၊နောက်ဆုံးကတော့ ခရီးလမ်းကြမ်းသလို အချိန်လည်းကြာတယ်၊အဲ့တာက တောတွင်းလမ်းမို့ အဲ့ဘက်မှာက အစောင့်တောင်မရှိဘူး၊လူပင်ပန်းနိုင်ပေမဲ့ သူတို့ရဲ့ စခန်းနဲ့အနီးဆုံးမို့ တိုက်ရအလွယ်ဆုံးဖြစ်လိမ့်မယ်'

More Than ForeverWhere stories live. Discover now