~5~

1.2K 209 8
                                    

[Unicode]

နန်းတွင်းအဝင်ဝဂိတ်တံခါးရှေ့မှာ စစ်ဆေးလို့မပြီးနိုင်သေးတဲ့ မှူးမတ်တွေကို ကြည့်ပြီး
ဆော့ဂျင် သက်ပြင်းရှည်ချမိသည်။သူနဲ့အတူတူ တခြားဆယ်ယောက်လောက်ပါ ဘုရင့်အမိန့်တော်နဲ့ ဝင်ရတာတောင် စစ်ဆေးလို့ မပြီးနိုင်သေးတာကြောင့် အမြန်ဆုံးပြီးပါစေသာ ဆုတောင်းနေမိသည်။

တော်တော်ကြာတော့မှ စစ်လို့ဆေးလို့
ပြီးသွားတော့ နန်းတွင်းကို ဝင်လို့ရသည်။ပထမရောက်ဖူးပြီးသားနေရာပေမဲ့ စိမ်းသက်သက်ပင်
သူဘာကိုမှမမှတ်မိ။ဒီလိုအရှိန်အဝါကြီးတဲ့ နေရာမျိုးကို
လာရတော့ အဘိုးကိုလွမ်းမိသားပင်။အဘိုးသာရှိနေရင်
ငါ့မြေးဆော့ဂျင်က ကောင်းကောင်းလုပ်နိုင်မှာ ဆိုပြီး အာပေးစကားတွေပါပြောနေလောက်သည်။

“ကင်မ်ဆော့ဂျင် အာရုံပျံ့လွင့်နေတာမျိုး မဖြစ်ပါစေနဲ့”

‘ဟုတ်ကဲ့’

အရှေ့က အထိန်းတော်အကြီးအကဲက ဟန့်လာသည်မို့ သေချာသာအာရုံစိုက်ထားမိသည်။
နောက်တော့ အဆောင်တော်တစ်ခုချင်းစီတိုင်းကို ပြောပြကာ လိုက်ရှင်းပြသည်။မိဖုရားကြီးရဲ့
အဆောင်နားရောက်တော့ စကားသံတွေက ပြန်ကြားယောင်လာတာမို့ ခေါင်းတွေပါ ထိုးကိုက်လာသလိုပင်။လိုက်မှတ်နေရင်းမှ နေရာမှာတင် ထိုင်ချမိလိုက်တာကြောင့်
ပြောလည်း အပြောခံရရုံပင်။သက်သာသွားတော့မှ ပတ်ဝန်းကျင် ကိုကြည့်မိတော့ တစ်ယောက်မှမရှိတော့ပေမယ့််
အရှေ့ကနေ ကြည့်နေတဲ့ သူကြောင့် ဆော့ဂျင် ပိုတောင် အံ့ဩမိသည်။

<~><~>

ဂျောင်ကု အမတ်မင်းဆီကနေ တိုင်းပြည်ရဲ့ဥပဒေနဲ့ ဘဏ္ဍရေးကို သင်ယူနေတုန်း ခပ်လှမ်းလှမ်းက မိဖုရားအဆောင်တော်ရှေ့ကို ရောက်လာတဲ့ အကို့ကိုတွေ့သည်။သင်ယူစရာတွေပြီးပြီမို့ အကို့ကို အဝေးကနေပဲလှမ်းကြည့်နေပေမယ့် ရုတ်တရက်ကြီး
ခေါင်းကိုဖိကိုင်တာ ထိုင်ချလိုက်တဲ့ အကို့ကိုမြင်ပြီး
ဆက်မကြည့်နိုင်တော့တာမို့ အပြေးသွားမိသည်။

ဆူပူဖို့ပြင်နေတဲ့အထိန်းတော်အကြီးအကဲကလည်း သူ့ကိုမြင်တော့ အရိုအသေပြုပြီး ဘာမှဆက်မပြောတော့။အကိုနဲ့ စကားပြောချင်တာမို့
ခဏလောက် ထားပေးခဲ့ဖို့ပြောတော့ ကျန်တဲ့ သူတွေကိုသာ ခေါ်ပြီးထွက်သွားသည်။
ခေါင်းငုံ့နေတဲ့ အကိုက အခုမှသူ့ကိုမြင်တော့ အံ့ဩသွားဟန်ဖြင့် နာမည်ကို ခေါ်လာသည်။

More Than ForeverWhere stories live. Discover now