~13~

794 115 38
                                    

Uni

'ဝါး ဂျွန်က အများကြီးတော်လိုက်တာ'

မြှားပစ်လေ့ကျင့်ဖို့ကို လိုက်လာပြီး
ပစ်မှတ်ကို တန်းနေအောင် ထိသွားတိုင်း အစ်ကိုက အာမေဋိတ် အသံတွေ မျိုးစုံပေးပြီး သူ့ကို နဘေးကနေ ဆက်တိုက်ချီးကျူးနေတာပင်။

"အဲ့လောက်တော်တဲ့ အစ်ကို့ရဲ့ဂျွန်လေးကို ဘာပေးချင်လဲ"

'ခဏလေးစောင့်'

ချက်ချင်းပင် ၀တ်ရုံအောက်ကနေ ဘယ်လိုထွက်လာလဲမသိတဲ့ ပန်းသီးကို အင်္ကျီနဲ့သေချာပွတ်ပြီး  ရော့...စား ဆိုတဲ့
သဘောမျိုးနဲ့ ကျွေးလာတဲ့အစ်ကိုပါလေ၊တကယ်ကို ရိုးအချင်ရင်လည်း
အစ်ကို့လောက် ရိုးအတဲ့သူမရှိနိုင်တော့။

"အဲ့တာလား ဆုက"

'ဒီပန်းသီးကိုတောင် မနည်းခူးလာရတာပါနော်၊အဲ့တာကိုကျွေးတာကို ဆုက ဒါလား ဆိုတော့ မစားနဲ့တော့'

"ဟာ..အစ်ကိုကလည်း၊စားမယ်လေ
ခွံ့ကျွေး"

'လုံး၀ပဲ'

"ကျွေးပါဆို"

'ခွဲထားတာမှ မဟုတ်တာကို ဘယ်လို ခွံ့ကျွေးရမတုန်း'

"အစ်ကိုကိုက်လိုက်လေ၊ကိုက်လို့ရတာလေးကိုကျွေးပေါ့ တုံးအလိုက်တာ"

'ဘာပြောတယ် ဂျွန်ဂျောင်ကု'

"ဘယ်လို အိမ်ရှေ့စံကို ဘယ်လိုခေါ်လိုက်တာ"

'ဂျွန်ဂျောင်ကုလေ ဘာဖြစ်လဲ၊အိမ်ရှေ့စံနဲ့ ကိုက်ညီအောင်ကျ မနေဘဲ လူကိုတွေ့ရင် ကလေးလိုလို ဘာလိုလိုနဲ့'

"အော်ဟော၊မခန့်လိုက်တာ!"

'အော်ဟော...ဂျွန်ဂျောင်ကု ကဘယ်သူ့အပိုင်လဲ၊ဘယ်သူက ဂျွန်ဂျောင်ကုရဲ့ အရှင်ဘုရင်လေးလဲ'

"ကင်မ်ဆော့ဂျင်ပါ"

'ဒီလိုမှပေါ့ အိမ်ရှေ့စံရဲ့၊
ဟ...ခွံ့ကျွေးမယ်'

အစ်ကိုက ရင့်ကျက်တဲ့သူတစ်ယောက်ပေမဲ့ သူ့ရှေ့ကျ အမြဲတစေ ပကတိ ဟန်ဆောင်ခြင်းမရှိတဲ့ အသွင်ကိုသာ
ပြတတ်တာမို့ အစ်ကို့ကို ပိုတိုးပြီး မြတ်နိုးလာရခြင်းသာ။

"အစ်ကို ဆေးမှင်ထိုးချင်လား"

'အမှန်တော့ ကြောက်တယ်၊အဲ့တာက နည်းနည်းနာတယ်လေ...နောက်ပြီး ပြန်ဖျက်လို့မရဘူးဆိုတော့၊ဂျွန်က ဘာဖြစ်လို့မေးတာလဲ'

More Than ForeverWhere stories live. Discover now