~ 17 ~

735 119 46
                                    

Uni

'အာ့...မလုပ်နဲ့လေ ဂျွန်!',

"နိုးပြီလား အစ်ကို"

'နိုးပြီ၊ဂျွန်က ခြေသလုံးတွေကို လာနှိပ်ပေးနေတာကို'

"နှိပ်ပေးရုံတင်မဟုတ်ဘူး၊အခုလိုမျိုးပါ
နှုတ်ခမ်းနဲ့ ဖိကပ်နမ်းချင်တာ"

'အာ...ဂျွန်!မသင့်တော်တာကြီးကို'

"အစ်ကို့နဲ့ ကျွန်တော့်ကြား မသင့်တော်တာ ရှိစရာလား"

'ဒါပေမဲ့လည်း'

"ဒါပေမဲ့ မလည်းဘဲ ထပါတော့ အထိန်းတော်ကင်မ်လေး၊
ညက အိမ်ရှေ့စံနန်းဆောင်ထဲ တခူးခူးနဲ့ အိပ်ပျော်သွားတာက သူ့အဆောင်များမှတ်နေလားမသိ"

'ကိုယ့်ကြင်ဖက်ရဲ့ အခန်းထဲ အိပ်တာပဲလေ၊ဘာဖြစ်လို့လဲ အိမ်ရှေ့စံ
ဂျွန်ဂျောင်ကုခင်ဗျ'

"ဘာမှမဖြစ်ပါဘူး ခင်ဗျ"

'ကောင်းပါပြီ၊ကဲ အဲ့တာ​ဆို ကိုယ်တော်ကင်မ် အဆောင်ကိုပြန်ပါတော့မယ်...နေပါဉီး ဒီဗိုက်က ဒဏ်ရာက ဘာဖြစ်တာလဲ'

"ငယ်ငယ်တုန်းက မီးအပူနဲ့ထိတာ အမာရွတ်ကျန်ခဲ့တာ"

'ဘယ်လိုထိတာလဲ'

"အပြစ်မရှိတဲ့ကုန်သည်တစ်ယောက်ကို ဖမ်းလာပြီး ခုံရုံးတင်တော့ ကျွန်တော်က ၀င်ကာပေးမိရင်း ရှပ်ထိသွားရုံပါ၊အမာရွတ်လေး နည်းနည်းထင်သွားရုံလေးပဲ၊အဲ့တုန်းက အဲ့ကုန်သည်ကြီး သမီးက ကျွန်တော့်ကို လာတောင်းပန်တာနဲ့ ကူညီပေးလိုက်တာ"

'အခုသူတို့ရော လွတ်သွားလား'

"အင်း၊လွတ်သွားတယ် ကျွန်တော် ၁၀ နှစ်သားလောက်ထိ တူတူဆော့ဖြစ်ကြပေမဲ့ အခုမဆော့ဖြစ်တော့တာ၊သူကပွင့်လင်းတယ်၊ထက်မြက်တယ်၊နောက်ပြီး အမျိုးသားဆန်ဆန်ပေါ့ပါးတယ်"

'အင်း တကယ်ထက်မြက်မဲ့ပုံစံလေးပါပဲ၊အစ်ကို အဆောင်ပြန်လိုက်ဉီးမယ်
နေ့လည်မတိုင်ခင် အခင်းတွေ
လှန်းရမှာ။'

"ခဏလေး၊ဆေးထည့်ပေးသွား အစ်ကို"

'မနေ့ကပြောတော့ မသေဘူးဆို'

ခပ်ထေ့ထေ့ပြောလာတဲ့ အစ်ကိုရဲ့ပုံစံက သူ့ကို အဆုံးထိ ရူးသွပ်စေတော့မယ့် အသွင်သဏ္ဍန်နဲ့သာ။

More Than ForeverWhere stories live. Discover now