~ 11 ~

850 135 59
                                    

Uni

'ချန်းလေး...မင်းအားလပ်ချိန်ရခဲ့ရင် ငါ့ကို ဓားရေးနဲ့ မြှားရေး သင်ပေးပါလား'

'မင်းကဘာလုပ်ဖို့ သင်ချင်ရတာလဲ၊မဟုတ်မှ အိမ်ရှေ့စံကိုကာကွယ်ဖို့လား´

'အဲ့လိုပဲပေါ့...ငါလည်းတတ်ထားချင်လို့၊ပညာရပ်တစ်ခုမှာ တတ်မြောက်ထားခြင်းက အမှားမရှိဘူးလေ'

'အဲ့တာတော့ ဟုတ်တယ်၊ငါ သင်ပေးမှာပါ...မြှားရေးကိုက အိမ်ရှေ့စံနဲ့မင်းလိုက်သွားရတာပဲ၊အိမ်ရှေ့စံလေ့ကျင့်တဲ့အခါကျ မင်းဦးတည်ချက်တွေကို လေ့လာကြည့်´

'ငါသေချာလေ့လာထားလိုက်ပါ့မယ်'

'ကိုယ်နေဟန်ထားနဲ့လက်ယူပုံက အဓိကပါပဲ၊ငါသင်ပေးမှာမို့ ပူမနေပါနဲ့´

'မပူပါဘူး၊ချန်းလေး မင်းကိုငါတကယ်သဘောကျတယ်၊ပြီးပြည့်စုံတဲ့မင်းကို မိန်းမလှလေးတွေ လက်ထဲ ထည့်ဖို့ တွန့်တိုမိမယ်ထင်တယ်'

'ငါကမိန်းမလှလေးတွေနဲ့မထိမ်းမြှားပါဘူး၊ငါက မပူလောင်တဲ့ ချစ်ခြင်းတွေကိုသဘောကျတယ်...လူတွေက ပိုင်ဆိုင်ခွင့်ရှိနိုင်တာပဲဆိုတဲ့ မျှော်လင့်ချက်နဲ့ တစ်ယောက်နဲ့တစ်ယောက် သဘောကျကြတယ်၊ငါ့အတွက်ကတော့ ငါသဘောကျရတဲ့သူက သူ့ဘ၀လေးနဲ့သူ ပျော်ရွှင်နေရတာကို ငေးကြည့်ပြီး အေးချမ်းတဲ့ အချစ်ကို သဘောကျတယ်´

'အေးချမ်းခြင်းဆိုတာ ဒါကိုပြောတာလား ချန်းလေး'

'လူသားတွေဆက်နွယ်ကြတဲ့ ချစ်ခြင်းတွေက လူတွေကြား ထင်ပေါ်နေဖို့မလိုဘူး၊သဘောပြောမယ်ဆို ငါက မင်းသမီးတစ်ပါးနဲ့မေတ္တာသက်၀င်နေတယ်၊ဒါပေမဲ့ ငါတို့ မေတ္တာသက်၀င်ခြင်းတွေကို တစ်တိုင်းပြည်လုံးကို အသိပေးနေပြီး ဂုဏ်ပြုခံနေရဖို့မလိုပါဘူး၊နှစ်ဦးကြား သစ္စာစောင့်သိမှုနဲ့ ကိုယ်ကျင့်တရား စည်းမျဥ်းတွေ
မဖောက်ဖျက်ဘဲ ချစ်နိုင်ရင်ကို အေးချမ်းတဲ့မေတ္တာဆိုတာ
ပေါ်လွင်ပါတယ်´

'ဟုတ်သားပဲ၊ငါ့ရဲ့ချန်းလေးက အဓိပ္ပာယ်ရှိတဲ့စကားတွေကိုပြောနေတာပဲ'

'ငါ့ဆရာပြောပြထားတာပါ၊သူပြောဖူးတယ် ဒီတိုင်းပြည်မှာ ကောင်းသောပြောင်းလဲခြင်းနဲ့ မထင်မှတ်ထားတဲ့
ချစ်ခြင်းတစ်ခုရှိလိမ့်မယ်တဲ့၊ငါထင်တာမမှားဘူးဆိုရင် အဲ့တာက
အိမ်ရှေ့စံပဲ´

More Than ForeverWhere stories live. Discover now