~ 22 ~

807 94 16
                                    

Uni

ဂျောင်ကုနဲ့ အစ်ကိုဆော့ဂျင် ရဲ့ ချစ်ကြည်နူးမှုကိုကြည့်ပြီး ထွက်လာရတာက သူ့အတွက် ပျော်ရွှင် ခြင်းအကြောင်းပြချက်လို။ဒီဖြစ်ရပ်တွေမှာ သူကအသုံးချခံရတယ်လို့ တွေးနေနိုင်ကြပေမဲ့ အစ်ကိုဆော့ဂျင်ရော ဂျောင်ကုရောက သူ့ကို အသုံးချခြင်းမဟုတ်ဘဲ သူကိုယ်တိုင်ကိုက
ဒီလူသားတွေအတွက် ဖြည့်ဆည်းပေးခြင်းသာ။
အစ်ကိုတို့အကြောင်းတွေးနေရင်း အရှေ့ကနေ လှစ်ခနဲ ဖြတ်သွားတဲ့ အရိပ်လေးက သူ(မ)မလွဲမှားနိုင်ပါ။

'ချန်း!!´

သူ့အသံကြားမှပိုပြီး ခပ်သွက်သွက်ပြေးထွက်သွားတဲ့သူကြောင့် အမှီလိုက်ပြီးသာ ခါးကို
တင်းကြပ်နေအောင်ဖက်ထားမိတော့ ခါးပေါ်က သူ(မ)ရဲ့လက်တွေကိုဖြုတ်ချလာတဲ့ လက်တွေက အားလျော့စွာ။

'ထပ်ပြီး ထွက်မပြေးပါနဲ့ ချန်း!´

'ကြင်ယာတော်...ဘာလုပ်တာလဲ၊လွှတ်ပေးပါ´

'​ချန်း ဒီက ခြေတစ်လှမ်းရွေ့ပြီး ထွက်ပြေးမယ်ဆို ဒီခါးကြားက ဓားမြှောင်က ယွန်းဆောအတွက်ပဲ´

'မဟုတ်ဘူး ယွန်းဆော၊ဒီမှာ မသင့်တော်တာမို့
အဆောင်ကိုလိုက်ခဲ့ပါ´

'ဘာလို့၊ဘာလို့ ထားခဲ့ရတာလဲ၊၃ နှစ်ကျော်ကြာ
အချိန်တွေက အလကားလား၊ပေါ့ပျက်ပျက်
သဘောထားခဲ့တာလား´

'ငါတို့မဖြစ်နိုင်တော့တာ သိတယ်မလား၊ငါ...ငါကတိုင်းပြည်သစ္စာဖောက်လေ၊ဒိီဖြစ်တည်မှုကြီးနဲ့ မင်းကို မချစ်ရဲတော့တာ´

'မိဘတွေကြောင့်လေ၊ချန်းမှာရွေးချယ်ခွင့်မှမရှိခဲ့ဘဲကို´

'ပြီးပြီးသား အတိတ်တွေကို ပြန်မပြောပါနဲ့တော့လား၊တောင်းပန်ပါတယ် ငါကမလုံခြုံစေနိုင်လို့´

'အင်း၊မပြောတော့ဘူး အဆင်ပြေပြေနေနော်၊ကျန်းမာရေး ဂရုစိုက်၊ဒီဘ၀အတွက်တော့ ကံမပါနိုင်တော့တာ သိတာမို့  အဆင်ပြေပါတယ်၊အိမ်ရှေ့စံအတွက် အကျင့်ပျက်တဲ့ ကြင်ယာတော်
မဖြစ်ချင်တာမို့ မိတ်ဆွေ အဖြစ်နဲ့ တော့ဖြစ်နိုင်
မလား´

'ဖြစ်နိုင်ပါတယ်။မင်းကို သိပ်ချစ်ခဲ့တယ် ယွန်းဆော၊တစ်ဦးတည်းသောချစ်ရသူ အချစ်ဦးမို့
အကောင်းဆုံးဖြစ်မဲ့ နည်းလမ်းကိုရွေးချယ်
ခဲ့တာ´

More Than ForeverWhere stories live. Discover now