~ 19 ~

669 104 31
                                    

Uni

မြှားရေးမကျင့်တာကြာပြီမို့
ချန်းလေးနဲ့အတူတူ လေ့ကျင့်ဖို့အတွက်
ချန်းလေးရဲ့ အဆောင်ဘက်ထွက်လာတော့ အဆောင်ကနေ ကြားနေရတဲ့
စကားသံ ခပ်သဲ့သဲ့ကြောင့် မ၀င်မိဘဲ
အပြင်မှာသာ ရပ်နေမိသည်။

'မင်း ငါတို့ဘက်ကို သတင်းတွေ မပေးတာ ကြာနေပြီဆိုတာ မင်းသိလား၊
မင်းက အမိန့်ကိုလွန်ဆန်ချင်နေတာလား´

'မဟုတ်ပါဘူး။ကျွန်တော်လည်း ဘာမှ မသိရသေးတဲ့ အနေအထားမို့ပါ၊တောင်းပန်ပါတယ် ခေါင်းဆောင်...အာ့´

'ချန်းလေး'

သူ့အသံကြားတော့ အထဲက လူတွေ က ထွက်လာပြီး စူးစိုက်ကြည့်လာပြီးမှ ထွက်သွားတာကို သိပေမဲ့ ဂရုစိုက်ဖို့မအားသေးတာမို့ ချန်းလေး အခန်းထဲကို ​တန်း၀င်မိတော့ ဗိုက်ကိုဖိပြီးလှဲနေတဲ့ ချန်းလေးကပြုံးပြလာသည်။
အမြဲတမ်း ပြုံးနေတဲ့ မင်းကို မုန်းလိုက်တာဆိုပြီးပါ ထိုးချင်မိသည်။

'ချန်းလေး အဆင်ပြေလား'

'ကြားပြီးပြီမလား ဆော့ဂျင်´

'ဘာကိုလဲ'

'မင်းသိပါတယ်´

'တကယ်ပဲလား ချန်းလေး'

'မင်း ငါ့ကိုယုံလား´

ချန်းလေး မေးလာတဲ့ အမေးအပေါ် ဖြေဖို့က အဖြေမရှိနေ။သူလျှိုဆိုတာက ဘယ်လိုကြီးတဲ့ အပြစ်တစ်ခုလဲ။နောက်ပြီး ချန်းလေးသာ သတင်းပေးနေတဲ့သူဆို ထိခိုက်လာမှာက ဂျွန်နဲ့ ပြည်သူတွေမို့ လောလောလတ်လတ် အဖြေကမရှိနိုင်သေး။

'မင်းသိလား ဆော့ဂျင်၊ငယ်ငယ်ကတည်းက ငါပိုင်ဆိုင်ခွင့်မရနိုင်တာက
ငါချစ်ရတဲ့သူတွေဆီက ယုံကြည်မှု
တစ်ခုပဲ...မင်းကို ခက်ခဲစေမယ်ဆို
မဖြေပါနဲ့။အိမ်ရှေ့စံကို ပြောပြလိုက်ပါ´

'ငါမင်းကို ယုံတယ်...ချန်းလေး။မင်းက ငါ့ကို သစ္စာဖောက်မဲ့သူ မဟုတ်ဘူးဆိုတာကို ငါယုံတယ်၊မင်းရဲ့တာ၀န်က
ဒါဖြစ်နေတယ်ဆိုတာ သိပေမယ့်
ငါယုံကြည်ထားသလိုပဲ ဆက်ယုံကြည်လို့ရတယ်မလား'

'ရတာပေါ့ ဆော့ဂျင်။ငါက မင်းကို အသက်နဲ့ရင်းပြီးကို ကာကွယ်မှာ၊နောက်ပြီး ငါ့ကြောင့် မင်းရဲ့ ဂျွန်ကိုလည်း မထိခိုက်စေရဘူး´

More Than ForeverWhere stories live. Discover now