~ 12 ~

803 129 32
                                    

Uni

အစ်ကိုနဲ့သူနဲ့ကြား စိမ်းသက်သက်လေထုက နေရာယူထားတာ ရက်သတ္တပတ်တစ်ခုပင်။ပြောတော့
စဥ်းစားပေးပါ့မယ်ဆိုပြီး မျက်နှာလေးတောင် မနည်းဖမ်းနေရတဲ့သူက တာဝန်တွေပါ မေ့လျော့နေခဲ့တဲ့အထိမို့
ခမည်းတော်ပါ ခေါ်တွေ့တဲ့ အထိပင်။

'အိမ်ရှေ့စံ ဘာတွေဖြစ်နေတာလဲ´

"ဘာမှမဖြစ်ပါဘူး ခမည်းတော်၊ပွဲတော် အရေးအတွက် ရှုပ်နေတာနဲ့"

'ကြင်ယာတော် ရွေးကောက်ပွဲလည်း ရှိတာသိတယ်မလား´

"သိပါတယ်၊ဒါပေမဲ့ ကျွန်တော်က
ထီးနန်းလွှဲယူပြီးမှပဲ ကြင်ယာတော် ကိစ္စကို ဆက်ဆောင်ရွက်ပါရစေ"

'ဒါတော့ ခွင့်မပြုနိုင်ဘူး အိမ်ရှေ့စံ´

"အဲ့တာဆို ကျွန်တော်လည်း ထီးနန်း လွှဲမယူနိုင်ပါဘူး၊ခွင့်ပြုပါဦး ခမည်းတော်"

ခမည်းတော်က လက်ဆက်ပေးဖို့ ကိစ္စသာ အဓိကထားနေတာမို့ ဂျောင်ကုအတွက် အဆင်မပြေလှ၊သူက အစ်ကို့ကိုသာ သူ့ရဲ့ တစ်ဦးတည်းသော ဘုရင် ဖြစ်စေချင်တာမို့ မိဖုရားရွေးကောက်ဖို့ဆိုတာ ခဲယဥ်းသည်။

"အစ်ကိုက ကျွန်တော့်ရဲ့ အရှင်ဘုရင်၊
ကျွန်တော့်အတွက် တစ်ဦးတည်းသော အကြင်သူပဲ"

'ဂျွန် ဘာဖြစ်နေတာလဲ'

"သြော် အစ်ကို"

'အင်း အစ်ကိုလေ ဘာဖြစ်လို့လဲ'

"ဘာမှမဖြစ်ပါဘူး၊ကျွန်တော် ကိစ္စလေး ရှိလို့ သွားဦးမယ် အစ်ကို"

'ခဏလေး ဂျွန်'

"အရေးကိစ္စမရှိရင် ညမှ အဆောင်ကို လာခဲ့လိုက်ပါ"

'ဂျွန် ဘာဖြစ်နေတာလဲ'

"အစ်ကိုနဲ့စကားပြောဖို့ အသင့်မဖြစ်နေသေးလို့ပါ သွားခွင့်ပြုပါဦး"

ထွက်သွားတဲ့ ဂျွန့်ကျောပြင်ကိုသာ တွေတွေလေး ငေးကြည့်နေမိသည်။
ဒီကြားထဲ ဂျွန့်ဆီ မလာနိုင်လောက်အောင် အလုပ်များသည်။ပွဲတော် အတွက် ဂျွန်သက်သာလို သက်သာငြား အစားအသောက်၊ပွဲတော် အပြင်အဆင်တွေကို ဂျွန့်ဆီကရထားတဲ့ အမိန့်နဲ့သေချာစီစဥ်နေခဲ့တာပင်။အခုကျ စကားပြောဖို့တောင် စိမ်းသက်သက်အနေအထားမှာ စိတ်မကောင်းဖြစ်မိနေတာက ပထမဆုံးပျော့ညံ့မိတာလား
မေးရမည်။

More Than ForeverWhere stories live. Discover now