~7~

1K 187 14
                                    

[Unicode]

‘လခြမ်းဆွဲပြားလေးက ဘယ်မှာထားမိတာလဲ’

နန်းတွင်းကိုပါလာသမျှ အထုတ်တွေ အကုန်ကို
ဆော့ဂျင် ဖြည်ချပြီး လိုက်ရှာနေမိသည်။ဒါလေးက
ဂျွန်နဲ့ပတ်သက်နေတဲ့ အရေးကြီးတဲ့အရာလေး တစ်ခုပင်။ဂျွန်နဲ့ ကူး ကတစ်ယောက်တည်း
ဆိုတာသိရပြီမယ့် သူတို့ရဲ့တွေ့ဆုံမှုတွေကိုတော့
သေချာသိရအောင်ကြိုးစားရမည်လေ။

‘ဘယ်ရောက်နေတာလဲ တကယ်ပဲ...လိုရင် ပျောက်နေတာနဲ့ ဟုတ်နေတော့မှာပဲ’

အပေါ်စင်တွေ အထုတ်တွေထားထားသမျှနေရာတွေကို အကုန်လိုက်ကြည့်တော့လည်း မတွေ့၊အိမ်ရှေ့စံအဆောင်တော်ကို သွားရဖို့အချိန်နီးလာပြီမို့
ဖွထားတဲ့အထုတ်တွေကို ဒီတိုင်းထားခဲ့ပြီးသာ
ပြေးထွက်လာခဲ့လိုက်သည်။အဆောင်တော်ကို ရောက်တော့ ဂျွန်က ဝတ်ရုံဝတ်ဖို့ပြင်နေတာမို့
ကူဝတ်ပေးရုံသာ။

‘ဟဲ...ဂျွန် အကိုဝတ်ပေးမယ်’

“ရပါတယ်၊ကျွန်တော့်ဘာသာ ကျွန်တော်ဝတ်လိုက်ပါ့မယ် အကိုပြေးလာတာမလား
နားပါ”

‘ရတယ်...ရတယ် အကိုလုပ်ပေးချင်လို့’

စကားဆုံးတာနဲ့ အရှေ့ကို တန်းရောက်လာပြီး
ဝတ်ရုံကို သေချာလာပြင်ဝတ်ပေးနေတဲ့ အကိုက မျက်နှာမှာ ဖုန်တွေကပ်နေတဲ့အပြင် ထုံးထားတဲ့ ဆံနွယ်တွေကလည်း ပြေကျလျော့လုလုပင်။
ဒါတောင် သူ့ကိုယ်သူမသိသည့်အလား
အေးဆေးပင် ပြုံးပြနေသေးသည်။

“အကို ဘယ်ချောင်ကိုတိုးလာတာလဲ”

‘ဟမ်...အကိုက’

“မျက်နှာတွေမှာ ဖုန်စတွေနဲ့ ဆံပင်ကလည်း ဖရိုဖရဲတွေဖြစ်နေပြီ”

‘ဟုတ်လား’

သူ့ကိုတောင် မေးခွန်းပြန်ထုတ်လာတာမို့ ကြည့်မှန်ဘက်ကို လှည့်ပေးလိုက်တော့မှ တအံ့တဩနဲ့
မျက်နှာကဖုန်တွေကို သုတ်နေပြန်သည်။
ပြေကျစပြုနေတဲ့ ဆံနွယ်တွေကို ပြန်ထုံးတင်ပေးဖို့်လုပ်တော့ ဖူးမို့နေတဲ့ နှုတ်ခမ်းတစ်စုံဟာ အံ့ဩမှုအပြည့်နဲ့ ဟလျက်သားပင်။

“ဒီဖဲကြိုးလေးက အမြဲစည်းထားတာလား”

‘ဟုတ်တယ်...အရင်ကတော့ လက်မောင်းမှာ စည်းထားတာ...အဘိုးက အကို အပြင်းဖျားပြီးတော့
တောင်ပေါ် ဘုန်းကြီးကျောင်းသွားတုန်းကရလာတာကို
အဆောင်အနေနဲ့ ပတ်ပေးထားတာလေ...
ကြီးလာတော့ ဆံပင်မှာပဲချည်ဖြစ်တာများသွားတာ’

More Than ForeverWhere stories live. Discover now