- Final -

1.4K 106 20
                                    

Uni

တိုင်းရေးပြည်ရေးကလည်း တိုက်ပွဲတွေ အပြီးမှာ ထပ်မံတိုးချဲ့လိုက်န်ိုင်တဲ့မြောက်ပိုင်းကစိုက်ပျိုးရေးနယ်မြေကြောင့် ပြည်ပကုန်သွယ်ရေးကပိုတိုးတက်လာပြီး တိုင်းပြည်ရဲ့ ပင်မဘဏ္ဍာငွေက ဆတိုးတိုးတက်ပြီး ပြည်သူတွေကို အစာရေစာ ပုံမှန်ထောက်ပံ့လာနိုင်သည်မလို့ ပြည်တွင်း အခြေအနေကလည်း ထင်ထားတာထက်ပိုမိုအေးချမ်းပြီးစည်ကားသည်။အနားယူချင်ခဲ့တဲ့ ခမည်းတော်တစ်ဖြစ်လဲဘုရင်ကလည်း ဆက်ပြီးတော့ တိုင်းပြည်တာ၀န်ကိုထမ်းဆောင်ထားရဆဲပင်၊ချန်းလေးနဲ့ ယွန်းဆောရဲ့အခြေအနေကလည်း ယွန်းဆောမိဘကို ဖွင့်ပြောပြနိုင်ပြီး ထိမ်းမြှားဖို့ ရံထားနိုင်သည်အထိ တိုးတက်ခဲ့သည်။မယ်မယ်က တောင်ပေါ်ဘုန်းကြီးကျောင်းလေးမှာ တရားအားထုတ်ပြီး ဦးရီးက ဘုန်းကြီးကျောင်းအတွက် လိုအပ်တာမှန်သမျှကူပေးပြီးတရားအားထုတ်ရတာကို ပျော်နေခဲ့ပြီး ဘ၀ကိုယ်စီက ရာသီတစ်ခုအပြောင်းမှာနေသားကျနေခဲ့သည်။သူကိုယ်တိုင်ကရောဆိုတဲ့ အမေးရှိလာလျှင် အဖြေဆိုတာမရှိ။

'သားဂျွန် သတိရလာပြီလား ဆော့ဂျင်လေး´

'ကတိစကားတွေနဲ့ မတည်အောင် ဥတုတစ်ခုအကြာ
နေရက်လိုက်တာ မယ်မယ်ရယ်'

'ငိုတော့မှာပဲ၊သားဂျွန် ကံကောင်းလိုက်တာ
ဒီလိုအမျိုးသားလေးကို ကြင်ဖက်တော်ထားရတာ၊
သတိရလာမှာပါ သားဂျွန်က သိပ်ကိုသန်မာတာလေ၊
နာမကျန်းဖြစ်နေတဲ့ အမေ့ရဲ့ ၀မ်းထဲမှာ လစေ့အောင်
မနေခဲ့ရဘဲ လူ့လောကကို သန့်စင်တဲ့ကလေး၊ထက်မြက်တဲ့
ကလေးအနေနဲ့ မွေးဖွားလာခဲ့တာလေ၊ပြီးတော့ သူချစ်ရတဲ့
မိသားစုတွေ၊ပြည်သူတွေရဲ့အချစ်တွေကို ခံစားမိမှာပါ။'

'ကျွန်တော်က ဂျွန့်ကို ကာကွယ်ပေးချင်ခဲ့တာကို'

သူ(မ)ရင်ခွင်ထဲ မျက်ရည်တွေ၀ိုင်းပြီး လာတွေ့တိုင်းပြောနေကြ
သူ(မ)သားကို ဘယ်လောက်ထိကာကွယ်ပေးချင်ပြီး ချစ်ကြောင်း
တွေကို မွေးမိခင်ရှေ့ လာလာပြောတတ်တဲ့မွေးထားတဲ့ သားကြောင့်
ထပ်ရလိုက်တဲ့ ချစ်စရာသားငယ်ပင်။ခေါင်းလေးကို ပွတ်ပေးတော့
ထုံးစံအတိုင်းပင် အိပ်ပျော်သွားသည်။ဆော့ဂျင်လေး ပြောနေကြစကားတစ်ခွန်းက "မယ်မယ့်ဆီက သားမရဖူးတဲ့ မိခင်တစ်ယောက်ရဲ့ နွေးထွေးမှုနဲ့ ဂျွန့်ရဲ့ နွေးထွေးတဲ့ အငွေ့အသက်" တွေ ရတယ်ဆိုတဲ့
စကားတစ်ခွန်းသာ။

You've reached the end of published parts.

⏰ Last updated: Nov 28, 2022 ⏰

Add this story to your Library to get notified about new parts!

More Than ForeverWhere stories live. Discover now