~ 18 ~

693 101 30
                                    

Uni

ကြင်ယာတော်လျာထားပြီးပြီမို့ ထီးနန်းလွှဲယူပြီးမှ တင်မြှောက်မဲ့ ကိစ္စကို ဘုရင်က လက်ခံပေးခဲ့သည်။ပုံမှန်ဆို ဒါက လက်ခံပေးတဲ့ အရာမျိုးမဟုတ်ပေမဲ့ တစ်ဖက် မိန်းမပျိုလေးကပါ ဂျွန့်နည်းတူ တောင်းဆိုခဲ့သည်မို့ ဒါကို လက်ခံလိုက်ရခြင်းတဲ့ပင်။

ဂျွန်နဲ့လည်း မတွေ့ရတာကြာပြီမို့ ဂျွန့်အဆောင်ဘက်ကိုထွက်လာတော့ ဂျွန်နဲ့ နီးနီးကပ်ကပ်စကားပြောနေတဲ့အပြင် ဂျွန်ကပါ သူ(မ)လက်ကိုကိုင်ပြီး နမ်းနေသည့် မြင်ကွင်းမို့စိတ်ထဲ အဆင်မပြေဖြစ်သွားပေမဲ့ ဂျွန့်ကို သူယုံသည်မို့ ဒီမြင်ကွင်းကိုအထူးတလည်မခံစားနေတော့၊ဂျွန်မြင်ရင် စိတ်ပူမှာကြောက်တာကြောင့် ဂျွန်မရိပ်မိအောင်သာ အကွယ်တစ်ခုမှာနေနေလိုက်ပေမဲ့ မြင်ဖြစ်အောင်မြင်သွားသေးသည်။

"အစ်ကို!"

'အာ...ဂျွန်၊အစ်ကိုက မတွေ့ရတာကြာလို့လေ၊လာခဲ့ပေမယ့် အခုမှ အဆောင်က အထည်တွေ လှန်းရမှာသတိရလို့။သွားလိုက်ပါဦးမယ်'

ပြန်ပြီးတော့ ပြေးထွက်သွားတဲ့ အစ်ကို့ကြောင့် သူကြောင်အမိသွားပေမဲ့
ယွန်းဆော အသံကြောင့် သတိပြန်၀င်လာသည်။

'အစ်ကို အထင်လွဲသွားပြီ ထင်တယ် ဂျောင်ကု´

"မြင်သွားတာလား အစ်ကိုက"

'ငါတို့က ရိုးသားပေမယ့် တစ်ဖက်အမြင်ကကျ မရိုးနိုင်ဘူးလေ၊အဲ့တာကြောင့် ပြောပါတယ် ပန်းအဆီနံ့တွေကို
တအား လိုက်မလေ့လာပါနဲ့ဆို´

"နင့်ဆီက နှင်းဆီပန်းနံ့လေးရတာကို၊
အဲ့တာကြောင့် အစ်ကို့ အဆောင်မှာ ချယ်ရီပန်းအဆီနံ့လေး အနီးစပ်ဆုံးငါကိုယ်တိုင် စပ်ပေးမို့ လက်ကို နမ်းကြည့်တာကို...အရင်ကလည်းနေနေကြဆိုတော့ မေ့သွားမိတာ"

'နင်ကအခု ဆိုင်သူရှိနေပြီကို၊ဘယ်လိုပဲ ငါက ယောကျာ်းသားတစ်ယောက်လို စိတ်နဲ့ နင်နဲ့ခင်နေပါစေ နင်ပဲသိတာမို့ အစ်ကို့အမြင်မှာ တစ်မျိုးဖြစ်သွားမှာ၊သွားလိုက်ပြီးရှင်းပြလိုက်လေ´

"အစ်ကိုက ခံစားနေမယ်မထင်ပါဘူး၊သူက ငါလက်ဆက်ဖို့ပဲ အားသန်နေတာလေ"

More Than ForeverWhere stories live. Discover now