~2~

1.5K 253 43
                                    

[Unicode]

~ တစ်ဖန်ပြန်လည်တွေ့ဆုံခြင်းတွေက တိုက်ဆိုင်မှုတစ်ခုမဟုတ်ဘဲ ရေစက်လို့ ယူဆနိုင်တယ်မလား ~

<~><~>

"အထိန်းတော်ကြီး...အထိန်းတော်ကြီးရေ"

'လာပါပြီ မင်းသားလေး"

"နန်းပြင်ထွက်ကြမယ်လေ အထိန်းတော်ကြီး"

'မထွက်ပါဘူး...ဒါတော့လုံးဝပါပဲ"

"ထွက်မယ်လေလို့နော်...ခမည်းတော်ကြီးကို သွားပြောလိုက်မှာပါ...မယ်မယ့်ကိုရောလေနော်"

'မရပါဘူး...တလောကလည်းလေ့လာချင်လို့ တူတူထွက်ကြတာပဲကို"

"ဒီရက်က မတူဘူး...ကုန်စည်တွေ ဆက်တိုက်ရောက်နေတုန်းလေ
နန်းပြင်မှာ အထိန်းတော်ကြီးအတွက် သင့်မြတ်နိုင်မဲ့ကတော် အလှလေးတွေရှာကြမယ်လေ"

'မရှာပါဘူး...လုံးဝပါပဲ မင်းသားလေး...ကျွန်တော်မျိုးကို ဒါမျိုးတွေနဲ့ လုံးဝလှည့်စားလို့မရပါဘူး"

"အဟွန့်...ဘယ်လိုဦးရီးမှန်းကိုမသိဘူး. အထိန်းတော်ကြီးကလေ ဒီကမင်းသားလေးကို
တကယ်မချစ်ပါဘူး...ပြောတော့သာ မင်းသားလေးကိုချစ်တာမို့ ထိခိုက်မိမှာ စိုးရွံ့မိပါတယ်နဲ့ တကယ်တမ်းကျ စိတ်နှလုံးလေးထိခိုက်အောင် အရမ်းလုပ်တာပဲ"

ပြောချင်ရာတွေပြောပြီး ကျောပေးသွားတဲ့မင်းသားလေးကိုကြည့်ပြီး
ရယ်မိသည် ဒီကလေးက အလိုလိုက်ပေးမှန်းသိလို့
အရွယ်နဲ့မလိုက်အောင် ထက်မြက်နေပြီးသားကို
ကလေးဆန်စွာ ချွဲပြခြင်း အရင်က ဘုရင်နဲ့အတူတူ စစ်ပွဲတွေအတူတူတိုက်ခဲ့ဖူးတဲ့ စစ်သူကြီးတစ်ယောက်မို့ ရာထူးအာဏာတွေပေးခဲ့ပေမယ့် ငြိမ်းချမ်းရေးအတွက်မဖြစ်မနေတိုက်ရတာမို့
သာပါဝင်ခဲ့တာမို့ အခုအခွင့်အရေးမှာ
စစ်ပွဲကိုမုန်းသူပီပီ လက်မခံဘဲ မင်းသားလေးကို ထိန်းကျောင်းဖို့အတွက်ပဲ မင်းသားလေးရဲ့ အထိန်းတော်အလုပ်ကိုရွေးချယ်ခဲ့သည်လေ
ဘုရင်နဲ့က ညီနောင်တွေလိုဖြစ်တဲ့အလျောက်
မင်းသားလေးနဲ့ပတ်သက်လာရင် သူ့စကားတစ်ခွန်းဆိုပြီးတာမို့ အခုလည်း
ဒီကလေးက တောင်းဆိုနေခြင်းပင်

More Than ForeverWhere stories live. Discover now