ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (4.2)

6K 1K 19
                                    

ကျိုးရိအန်ကို ကြည့်နေတဲ့ ရှဲ့ဟယ်ရဲ့ အကြည့်တွေ ပိုမို ညှိုးငယ်လာတယ်။ရှဲ့ဟယ်ရဲ့ နှလုံးသားလေး နာဖျားနေပြီ။ကျိုးရိအန်ကို ရှဲ့ဟယ် မရှောင်ချင်ပါဘူး။သို့ပါသော်လည်း သူ့မှာ ရွေးချယ်စရာဘာများရှိသေးလို့လဲ?မျက်လုံးတွေမှိတ်လိုက်တိုင်း သူနဲ့ မရင်းနှီးတဲ့သူစိမ်းယောက်ကျားတစ်ယောက် သူ့ခန္ဓာကိုယ်ကို ခွန်အားသုံးပြီး ကျုးကျော်နယ်ချဲ့နေတဲ့ ထိုညကအဖြစ်အပျက်တွေကို ပြန်မြင်ယောင်လာတယ်။
ဒီလို ရှက်စရာ၊ရွံ့စရာ၊ကြောက်စရာ၊ပူပန်စရာ ကိစ္စမျိုးကြီးကို ရင်ဝယ်ပိုက်ပြီး ကျိုးရိအန်ကို နှလုံးသားတစ်ခုလုံးနဲ့ ရင်းပြီး ဘယ်လိုများလက်ခံနိူင်ပါဉီးမလဲ??ဒီလူကို သူတကယ်ချစ်မြတ်နိုးပါတယ်၊တိမ်းရှောင်ရတယ်ဆိုတာလဲ ဒီလို ရှက်စရာကိစ္စကြီးကို အစပြန်ဖော်မိသလို ဖြစ်မှာစိုးလို့ပါ...ဒီလို ခက်ခဲတဲ့ စမ်းသပ်မှုကြီးက အဆုံးမဲ့ ရှည်ကြာနေသလိုပင်.....

ရှဲ့ဟယ်ကို ဒီလိုမြင်နေရတာ ဘယ်လိုမှ စိတ်မချမ်းမြေ့နိုင်တဲ့အတွက် ကျိုးရိအန်လဲ နာကျင်ခံစားနေရတာပါပဲ..ဒါ့ကြောင့် ဒီကိစ္စတွေကို ထပ်မေးမနေတော့ဘူး...သည်းခံနိုင်စွမ်း မရှိတော့ရင်တောင် ဒီလူငယ်လေးကို ပွေ့ဖက်ပြီးနမ်းရှိုက်လိုက်ရုံနဲ့တင် လုံလောက်နေပါပြီ။

[444:Hostတာ့တာ့ရေ....ကျိုးရိအန်က ကို တောက်လျှောက် ငြင်းနေတာတောင် နှစ်သက်မှုတွေ လျော့မသွားတဲ့ အပြင် တိုးလာနေသေးတယ်။အခုဆို 92 မှတ်ဖြစ်နေပြီ]

[ရှဲ့ဟယ်: ပုံမှန်ပါပဲ။ သူအရင်ကတည်းက ငါ့ကို ချစ်ပြီးသားပဲလေ။သူက နဂိုကတည်းက ခပ်လွယ်လွယ်သမားပဲဟာ။အကြပ်အတည်းဆိုတာမျိုးကို ခံစားဖူးတာမှမဟုတ်တာ။အခုတော့ ငါ့ကို ဆုံးရှုံးရတော့မလိုခံစားနေရပြီ။ဒီလောက်အမှတ်များအောင်လုပ်နေတာ ကျော်ကြားချင်ရုံသက်သက်ကြောင့်ပါပဲကွာ...တစ်ယောက်တည်းကို အရမ်းကပ်တွယ်မနေရဘူးကွ]

[444: Host ကြိုတင်ခန့်မှန်းပြီးသားမလား??]

[ရှဲ့ဟယ်: မင်းဘယ်လိုထင်လဲ?]

[444: ကျိုးရိအန် ကပစ်မှတ်မှ မဟုတ်တာ။နှစ်သက်မှုဘယ်လောက်များများ အသုံးမှ မဝင်တာ]

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now