ကျောင်လင်း အလွန်တရာ ထိတ်လန့်နေတာကြောင့် ချွေးစေးတွေပြန်လာတဲ့အပြင် မျက်ဝန်းတွေထဲမှာပါ ခါးသီးနာကျည်းမှုတွေ ထင်ဟပ်လာတယ်....ဒီတစ်ကြိမ်မှာ စွန့်စားပြီး လမ်းကြောင်းဖောက်ခဲ့ပေမယ့် တန့်ကျိုးက တန့်ကျင်းဝမ်းရဲ့သားအရင်းမဟုတ်ဘူးတဲ့....တန့်ကျင်းဝမ်းလိုလူစားမျိုးက စိတ်တထင့်ထင့်နဲ့နေမယ့်သူမျိုးမဟုတ်ဘူး....သူတို့သားအဖကို လွှတ်ပေးမှာမဟုတ်လောက်ဘူး....
ကျောင်ဟုန်က ကျောင်လင်းမေးနေတာကို ပြန်မဖြေဘဲ ရှဲ့ဟယ်ဆီလျှောက်သွားပြီး....
"ဘာတွေဖြစ်ကုန်တာလဲ..."
ရှဲ့ဟယ်က တူညီတဲ့ အဖြေမျိုးကိုပဲ ထပ်ခါတစ်လဲလဲ ပြန်ဖြေနေတယ်....
"ကျူပ်က သူ့သားမဟုတ်ဘူး...."
ကျောင်ဟုန် ခေါင်းတစ်ချင်ညိတ်လိုက်ပြီး....
"သိပြီးသားပဲလေ....ငါအခုသိချင်နေတာက မင်း သူ့သားမဟုတ်မှန်း ဘယ်တုန်းကတည်းက သိနေတာလဲ...သူ့သားမဟုတ်ဘဲနဲ့ မင်းကို သူ့အနားမှာ ဘာလို့ ဆက် ထား ထားတာလဲ..."
ကျောင်ဟုန့်ရဲ့မေးခွန်းကြောင့် နဂိုဖြူဖျော့နေတဲ့ ရှဲ့ဟယ်ရဲ့မျက်နှာက ပိုပြီးတော့တောင်ဖြူဖျော့သွားသေးတယ်....ပြန်မဖြေချင်တာကြောင့် နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားလိုက်တယ်....
ကျောင်လင်းက ရှဲ့ဟယ်ကို ဆံပင်ဆွဲပြီး မျက်နှာကို ကြမ်းပြင်ပေါ်ဖိကပ်ထားလိုက်ပြီး...
"ငါတို့မေးနေတာကို မြန်မြန်ပြန်ဖြေစမ်း! !!!"
မျက်ဝန်းတွေ ရဲရဲနီနေတဲ့ ရှဲ့ဟယ်က ဘာတစ်ခွန်းမှပြန်မဖြေဘဲ တင်းခံနေတယ်...သူ့မျက်ဝန်းတွေထဲမှာ ပြင်းထန်လွန်းလှတဲ့ နာကျင်မှုတစ်ရပ် ကိန်းဝပ်နေလေရဲ့....
တစ်ကိုယ်လုံး ကြိုးတုပ်ခံထားရတာကြောင့် ကြမ်းပြင်ပေါ် ပစ်စလက်ခတ်လဲကျနေရှာတယ်....သို့ပေမယ့်လဲ အတင်းအကြပ် ခေါင်းမော့ပြီး သေရေးရှင်ရေးအတွက် ရုန်းကန်နေရတယ်....ဒါဟာ သေမင်းနဲ့ စစ်ခင်းနေရခြင်းကနေ ရုန်းကန်နေရှာတဲ့ ငန်းရိုင်းလေးတစ်ကောင်သဖွယ် လှပနေသလို တစ်မျိုးတစ်ဖုံလဲ သနားစရာကောင်းနေပြန်တယ်....
YOU ARE READING
ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြားယောင်းခြင်းနည်းဗျူဟာ
General Fictionဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။