ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (9.1)

5.7K 981 25
                                    

ရှဲ့ဟယ် ပစ္စည်းတွေထုပ်ပိုးသိမ်းဆည်းနေတယ်။ သူ့မှာ ပိုင်ဆိုင်မှုအများကြီးမရှိတာကြောင့် အားလုံးကို လွယ်လွယ်ကူကူ ထုပ်ပိုးနိုင်ခဲ့တယ်။

အဲ့ညတုန်းက....ကျိုးရိကျယ်က သူ့အလိုရှိချိန်တိုင်း ရှဲ့ဟယ်ရဲ့ ခန္ဓာကိုယ်ကို သုံးဆောင်ချင်ကြောင်း ပြောခဲ့တာကြောင့် အခုလို ကျိုးရိကျယ်နဲ့ အတူလိုက်နေဖို့ ထုပ်ပိုးသိမ်းဆည်းနေရခြင်းဖြစ်တယ်။

[ရှဲ့ဟယ်: တကယ်မလွယ်ဘူးဘဲ...နောက်ဆုံးတော့ သူနဲ့အတူတူနေခွင့်ရပြီ...]

[444: ပစ်မှတ်ကိုအမိဖမ်းမယ့် Hostတာ့တာ့ရဲ့နည်းဗျူဟာတွေ အဆင်ချောနေတယ်လို့ ခံစားရတယ်...]

[ရှဲ့ဟယ်: တကယ်လား??ငါ့ကိုယ်ငါ စံနမူနာထားပြီး ကျိုးရိကျယ်ကို အမိဖမ်းဖို့ကြိုးစားရတာ နည်းနည်းတော့ခက်တယ်..]

[444: Hostတာ့တာ့က သူ့ကို လွယ်လွယ်အမိမဖမ်းနိုင်ဘူးတဲ့လား...ကျေးဇူးကြီးလှပါတယ် Hostတာ့တာ့ရယ်...]

//ဟွန့်.."Host အယောက်100ကို ငြင်းပယ်နိုင်ခဲ့ခြင်း"ဆိုတဲ့ Hostတာ့တာ့ရဲ့ခြေရာနင်းနိုင်မယ် နောင်တော်တွေ၊ညီတော်တွေဘယ်တော့မှ ရှိလာမှာမဟုတ်ဘူးဆိုတာ မသိရော့လေသလား Hostတာ့တာ့ရယ်...//

[ရှဲ့ဟယ်:ဒါပေမယ့် ငါကအကုန်လုံးထက် ပိုပြီးနူးညံ့တယ်၊ချစ်စရာကောင်းတယ်လေ😃]

444ရဲ့စိတ်ထဲမှာတော့....ဒါက Hostတာ့တာ့ ဘာသာအထင်မှားနေတာလေ...လွယ်လွယ်ကူတူနဲ့ 80-90လောက်ထိ နှစ်သက်ပြီးမှ 99ကနေ မျက်စိတစ်မှတ်အတွင်း နှစ်သက်မှု သုံညဖြစ်သွားတယ်မဟုတ်လား??ဒါမျိုးကို ဘယ် Hostက သည်းခံနိုင်မှာလဲ??အဲ့ဒီ့ Host အယောက် 100ကို တကယ်သနားတယ် သိလား...သူတို့တွေထဲက တော်တေယ်များများဆိို Hostတာ့တာ့နဲ့တွေ့ပြီးကတည်းက နှလုံးရောဂါရကုန်တာကိုရော Hostတာ့တာ့ သိရဲ့လား??😭😭

ကျိုးရိကျယ်ရဲ့ အိမ်ကိုပြောင်းလာပြီးကတည်းက ရှဲ့ဟယ်တစ်ယောက် အရှက်မဲ့တဲ့ဘဝနဲ့နေထိုင်ခဲ့ရတယ်။

ကျိုးရိကျယ်က သာမာန်အချိန်တွေမှာ မထုံတက်တေးနဲ့ အေးတိအေးစက်နေတတ်ပေမယ့် အိပ်ယာပေါ်က ကိစ္စတွေမှာတော့ အတော်လေး ထူးချွန်တက်ကြွတဲ့လူစားမျိုးဖြစ်တယ်။အနည်းဆုံးတော့ ရှဲ့ဟယ်ရဲ့ အထက်ပုဂ္ဂိုလ်ပိုင်တဲ့ ကိုယ်ပိုင်ပစ္စည်းက ရှဲ့ဟယ်ရဲ့ စံညွှန်းနဲ့ ကိုက်ညီတယ်လေ....

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now