ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (13.2)

5.1K 884 13
                                    

ကျိုးညီနောင်နှစ်ပါးရဲ့ပြိုင်ပွဲက အလွန်စိတ်ဝင်စားစရာကောင်းလွန်းနေတော့ ဒီလိုအံ့ဖွယ်ကောင်းတဲ့မြင်ကွင်းကို လူတိုင်းက ​မျက်တောင်မခတ်ဘဲကြည့်နေကြတယ်။

ဒီညီအစ်ကိုနှစ်ယောက်စလုံးက စည်းမျဉ်းစည်းကမ်းတွေကို ခေါင်းထဲထည့်တတ်တဲ့လူစားမျိုးတွေဟုတ်မနေခဲ့ပေ...ကျိုးရိကျယ်က ကျိုးရိအန်ကို အရင်ပစ်ခိုင်းလိုက်တယ်။ကျိုးရိအန်ဘက်ကလဲ တွန့်ဆုတ်မနေခဲ့ပါဘူး....စည်းမျဉ်းတွေကအလွန်ရိုးရှင်းပါတယ်။တစ်ယောက်ကို မြှားသုံးစင်းစီပစ်ရမှာဖြစ်ပြီး စုစုပေါင်းရမှတ်တွေကိုပေါင်းပြီး အနိုင်ရသူကို ရွေးချယ်မှာပါ....

ကျိုးရိအန်ရဲ့ ပစ်ချက်တွေက သာမာန်ဆန်နေပေမယ့်ရမှတ်ကတော့ သိပ်မဆိုးခဲ့ပါဘူး။ပထမအချက်က 10မှတ်..ဒုတိယနဲ့တတိယအချက်တွေက 9မှတ်ဆီ....ဒီလောက်နဲ့တင် ကျိုးရိအန်ရဲ့ မြှားပစ်စွမ်းရည်တွေက လေးစားဖို့ထိုက်တန်နေပါပြီ...ဒါပေမယ့် ကျိုးရိကျယ်နဲ့တော့ မယှဉ်နိုင်သေးပါဘူး...ကျိုးရိကျယ်ဘက်က အနိုင်ရသွားနိူင်ချေ80%လောက်ရှိနေပါသေးတယ်။

ကျိုးရိကျယ်အလှည့်ရောက်လာခဲ့ပြီ....လေးနဲ့မြှားကိုကိုင်ဆွဲပြီး လှမ်းတက်လာခဲ့တယ်။ကျောရိုးကိုမတ်မတ်ထားပြီး ခွန်အားအပြည့်နဲ့ လေးညှို့တင်ပြီးချိန်မှာ မျက်ဝန်းတွေကိုမှေးကျဉ်းလိုက်ပြီး ပစ်လွှတ်လိုက်တယ်...10မှတ်တန်တဲ့ပစ်မှတ်ကို ထိမှန်သွားခဲ့တယ်။ဒုတိယမြှားကလဲ 10မှတ်တန်တဲ့ ပစ်မှတ်ဆီမှာပါပဲ....

တတိယမြှားကို ပစ်လွှတ်ရတော့မယ်....အရင်မြှားချက်တွေတုန်းကထက်ပိုပြီးအချိန်ဆွဲနေခဲ့တယ်။

ကျိုးရိကျယ်ရဲ့မျက်ဝန်းတွေထဲမှာ ရန်လိုနေတဲ့အရိပ်အယောင်တွေမြင်နေရတယ်....စိတ်ထဲမှာ အေးစက်နေတဲ့စကားပြောသံတွေကြားနေရတယ်...

//အနိုင်ပိုင်းလိုက်!!!အနိူင်ပိုင်းပစ်လိုက်!!!ပြီးရင်ကောင်လေးကိုအိမ်ပြန်ခေါ်သွားလိုက်တော့...ဒီနေ့ ရှုံးလို့မဖြစ်ဘူး!!!မင်းရူးနေပြီလား?!!//

တစ်ပြိုင်နက်မှာပဲ အဆိုးအကောင်းလွန်ဆွဲနေသည့်နှယ် အေးစက်တဲ့အော်သံတွေကိုကြားနေရပြန်တယ်။

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now