အခန်း (36)

6.4K 943 183
                                    

ရှဲ့ဟယ် စိတ်ဆိုးမှာကြောက်တာကြောင့် လီဟုန်ရွှမ်း ကိုယ်တိုင်ပြုစုရမယ့်အစား သူနာပြုငှားပေးထားတယ်...တစ်နေကုန်ပေါ်မလာဘဲ ညဘက် ရှဲ့ဟယ် အိပ်ပျော်သွားတော့မှ နဖူးပြင်ကို ခပ်ဖွဖွအနမ်းခြွေတတ်တဲ့ လီဟုန်ရွမ်းက ရှဲ့ဟယ်ကို လက်လွှတ်ပေးဖို့ အင်မတန်ခက်ခဲနေမှန်း သိသာလွန်းပါတယ်...

ရှဲ့ဟယ်ကလဲ ဒီရက်ပိုင်းမှာ ထွက်ပြေးဖို့မကြိုးစားဘဲ ငြိမ်နေတယ်...တကယ်တော့ သူ့မှာ နေစရာမှမရှိတော့တာ...

ဘယ်သူနဲ့လဲစကားမပြော အခန်းပြင်လဲ မထွက်နဲ့ သူ့ကိုယ်သူ ကိုယ်ပိုင်ကမ္ဘာတစ်ခုထဲမှာ ပိတ်လှောင်ထားခဲ့တယ်....

[ရှဲ့ဟယ်:  ငါတော်တော် ပျင်းနေပြီ....]

[444: ရုပ်ရှင်ဖွင့်ပေးခိုင်းနေတာလား??]

[ရှဲ့ဟယ်: Baby နောက်ဆုံးတော့ သိတတ်မှုလေးတွေ တိုးတက်လာပြီပဲ....အလွမ်းအဆွေးကားလေး ဖွင့်ပေး...ဟာသကားတော့မကြည့်တော့ဘူး...ဟာသကားကြည့်မိလိုက်ရင် လက်ရှိသရုပ်ဆောင်နေတဲ့ mood တွေ ပျက်ကုန်လိမ့်မယ်...]

[444: ကိစ္စမရှိဘူး....Galaxy တစ်ခုလုံးမှာ top ten ဝင်ခဲ့တဲ့ အဆွေးဇာတ်လမ်းတွေကို Download ဆွဲနေပါပြီ!!!]

ရှဲ့ဟယ်တစ်ယောက် ဇာတ်ကားဆယ်ကားကြည့်ပြီးချိန်မှာ သရုပ်ဆောင် skillတွေပိုတိုးတက်လာသလိုခံစားလိုက်ရတယ်...အခုဆို သူ့ရဲ့ အပူရုပ်ကို အရင်ကထက်ပိုပြီး ကျန ပိုင်နိူင်စွာသရုပ်ဆောင်နိူင်နေပြီ...မျက်ဝန်းတွေထဲမှာလဲ မှုန်မှိုင်းမှုတွေ ပြည့်လျှံနေတယ်...

[TN: ပျိုတို့ရေ...နောက်ဆို ရုပ်ရှင်ကြည့်ရင် မင်းသားချောတာတစ်ခုတည်းပဲ ငမ်းမနေကြနဲ့ ဆရာကြီးရှဲ့လို ပညာယူတတ်ကြပါစေ😝]

ရှဲ့ဟယ်ရဲ့ အသွင်အပြင်ကိုမြင်တော့ သူနာပြုဆရာမလေးလဲ အတော် ခံစားသွားဂရှာတယ်...လီဟုန်ရွှမ်း သူမကို ငှားရမ်းတုန်းကတည်းက အသေးစိတ်ရှင်းပြထားတာကြောင့် ဒီဆရာလေး ကြုံတွေ့ခဲ့ရတဲ့ ကံဆိုးမှုတွေကို သိခဲ့ရတယ်....နေ့တိုင်း ဂရုတစိုက်ပြုစုပေးနေပေမယ့်လဲ ဆရာလေးက တနေ့တခြား ပိန်ပိန်လာတယ်..သူနာပြုဆရာမလေးခင်မျာ ကွယ်ရာမှာ မျက်ရည်ခိုးသုတ်ရတဲ့အထိ စိတ်မကောင်းကြီးစွာဖြစ်နေမိတော့တယ်......

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now