အခန်း (29) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ

4.7K 813 29
                                    

လီဟုန်ရွမ်း ရှဲ့ဟယ်ကိုတင်းကြပ်စွာပွေ့ဖက်ထားတယ်....ဘယ်လိုဖြစ်ရတာလဲ..မနေ့တုန်းကတောင် အကောင်းကြီးရှိသေးတယ်...ဘာလို့ရုတ်တရက်ကြီးမေ့လဲသွားတာလဲ???

ရှဲ့ဟယ်ကိုကုတင်ပေါ်သေချာနေရာချပေးလိုက်ပြီးတာနဲ့ စွန်းဇီယန်ဆီဖုန်းဆက်ပြီး ဆရာဝန်ပင့်လာခိုင်းလိုက်တယ်....

စွန်းဇီယန်တစ်ယောက် ဆယ်မိနစ်အတွင်းအပြေးအလွှားရောက်လာပေမယ့် ဆရာဝန်က နေရာဝေးတဲ့အတွက် နာရီဝက်လောက်နေမှရောက်လာနိုင်လိမ့်မယ်...သူ(စွန်းဇီယန်)ရောက်လာတဲ့အချိန်မှာ သူမြင်နေရတဲ့မြင်ကွင်းကြောင့် မျက်လုံးတွေကန်းသွားမလားတောင်ထင်ရတယ်....

လီဟုန်ရွမ်းက ကုတင်ဘေးမှာထိုင်ပြီး ရှဲ့ဟယ်ရဲ့မျက်နှာကို စိုးရိမ်မှုအပြည့်နဲ့ငေးကြည့်နေတယ်....သူ့ပတ်ဝန်းကျင်လေထုတစ်ခုလုံး ကြောက်စရာကောင်းလောက်အောင်မှုန်မှိုင်းနေတာများ ဖုန်းဆိုးမြေပေါ်ရောက်နေရသလိုခံစားရစေတယ်....

လီဟုန်ရွမ်း ဒီလောက်ထိ ခံစားချက်တွေပြင်းထန်နေတာမျိုးတစ်ခါမှ မမြင်ဖူးခဲ့ပေ....သူထင်တာက တစ်ခုခုတော့ ကြီးကြီးမားမားဖြစ်နေပြီပေါ့...ရောက်လဲရောက်ရော...ရှဲ့ဟယ်က ဖျားနေရုံလေးတင်လေ...ဟူးးး....ငါကတော့ လူသေတယ်ထင်ပြီးစိတ်ပူလိုက်ရတာ...

"ဘာဖြစ်တာလဲ??"

စွန်းဇီယန် သတိထားပြီးမေးလိုက်တယ်..

လီဟုန်ရွမ်း နှုတ်ခမ်းတွေတင်းထားရင်း

"ရုတ်တရက်ကြီးမေ့လဲသွားပြီး အဖျားတက်လာတာ...."

စွန်းဇီယန် သတိကြီးကြီးထားပြီး ဆရာ့ကို အကဲခတ်လိုက်တယ်...ဆရာ့ မျက်နှာတစ်ခုလုံးအဖျားသွေးကြောင့်နီရဲနေပြီး မျက်လုံးတွေမှိတ်ထားသည့်တိုင် မျက်မှောင်ကြုံ့ထားသေးတယ်...လည်ပင်းနားမှာလဲ အရောင်မှိန်နေတဲ့ အနီကွက်တွေနဲ့ဆိုတော့.....Bed partner ပေါင်းများစွာကို ကုတင်ပေါ်ခေါ်တင်ဖူးတဲ့ စွန်းဇီယန်က လီဟုန်ရွမ်း ထက်စာရင် ဒီနယ််ပယ်မှာ အတွေ့အကြုံပိုများတယ်လေ....

စွန်းဇီယန် ခဏလောက် စဉ်းစားလိုက်ပြီး...

"အားရွှမ်း...မင်းမနေ့က ဆရာနဲ့အတူနေခဲ့သေးလား??"

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now