အခန်း (41)

4.5K 733 74
                                    

ကျောင်လင်းတို့ အုပ်စုတွေ အေးခဲတောင့်တင်းနေပြီ...

တန့်ကျင်းဝမ်းဘက်က တန့်ကျိုးကို အပြီးသတ်စွန့်ပစ်လိုက်တာ သေချာပေမယ့် ဒီလိုကိစ္စမျိုးဆိုတာ လူမမြင်သူမမြင်လုပ်ရမယ့် ကိစ္စမျိုးမဟုတ်လား....ဒါကိုတွေးလိုက်မိတဲ့အခါ သူတို့လက်ရှိလုပ်နေတဲ့အရာတွေကို ဆက်လုပ်သင့်လား မလုပ်သင့်တော့ဘူးလား...လမ်းပျောက်နေပြီ....

တန့်ကျင်းဝမ်းဘက်က တန့်ကျိုးပေါ်ထားရှိတဲ့ သဘောထားအစစ်အမှန်ကို ဘယ်သူမှမသိရသေးဘူး....တကယ်ပဲ တန့်ကျင်းဝမ်းက တန့်ကျိုးကို ဂရုမစိုက်တော့ဘူးလား.??

သို့သော်လည်း  နောက်မှဆက်ရှင်းဖို့ တေးမှတ်ထားပြီးတန့်ကျိုးကို လူမြင်ကောင်းအောင် ခဏလောက်လွှတ်ပေးလိုက်ချိန်မှာ တန့်ကျင်းဝမ်းက ဘာကိုမှ မမြင်ခဲ့ မကြားခဲ့ရသလို ဆက်လျှောက်သွားနေတယ်.....

ကျောင်လင်း လန့်သွားတယ်...သိပ်မကြာခင်မှာပဲ တစ်ခုခုကို နားလည်သဘောပေါက်သွားတာကြောင့် ရှဲ့ဟယ်ကို ယုတ်မာတော့မယ့် အကြည့်တွေနဲ့ ကြည့်လိုက်တယ်......

ရှဲ့ဟယ်တစ်ယောက်က သူ့ကို မမြင်ချင်ယောင်ဆောင်ပြီး ထွက်သွားတဲ့တန့်ကျင်းဝမ်း ကို ငေးကြည့်နေခဲ့တယ်....သူ့မျက်ဝန်းတွေထဲက မျှော်လင့်ချက်အရိပ်အယောင်တွေ ကွယ်ပျောက်သွားပြီး အမြင်အာရုံတွေ မြူဆိုင်းသလို မှုန်ဝါးလာပါတော့တယ်....

တုန်လှုပ်ခြောက်ခြားပြီး ဝမ်းနည်းပူဆွေးလွန်းတာကြောင့် ရန်သူတွေကို ခုခံဖို့တောင် မေ့သွားခဲ့တယ်.....

ဘယ်လိုတွေဖြစ်သွားတာလဲ Daddy ရယ်.....ကျွန်တော့်ကို တကယ်မလိုချင်တော့ဘူးပဲ.....

စက္ကန့်ပိုင်းလေးအတွင်းမှာပဲ လောကထဲမှာ ရပ်တည်နိုင်ဖို့ ခွန်အားတွေ ဆိတ်သုန်းပျောက်ကွယ်သွားခဲ့ပါပြီ.....

ဟန်ဆောင်မျက်နှာဖုံးတွေဆွဲချွတ်လိုက်တာနဲ့ လူတိုင်းက ထိတ်လန့်ကြောက်ရွံစရာတွေချည်းပဲ....တန့်ကျင်းဝမ်းသာမရှိရင် တန့်ကျိုးဆိုတာ ဘာကောင်မှ မဟုတ်နိုင်တော့ဘူး.......

သူတကယ့်ကို ကျောင်လင်းလက်ထဲရောက်ရတော့မယ်....ကြုံတွေ့ရမယ့်အရာတွေအကြောင်း စဉ်းစားကြည့်ရုံနဲ့တင် တစ်ကိုယ်လုံးတုန်ရီလာတော့တာပဲ.....

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now