အခန်း (48)

4.7K 769 73
                                    

ရှဲ့ဟယ်တစ်ယောက် တစ်ညလုံး အအေးဒဏ်ကိုရဲဝင့်စွာရင်ဆိုင်ခဲ့တဲ့အပြင်  အဆင့်မြင့် အအေးမိဗိုင်းရပ်စ်ပိုးကိုပါ 444ကို သုံးခိုင်းလိုက်မှတော့ မဖျားဘဲ ဘယ်နေတော့မလဲ......

သုံးရက်မြောက်နေ့ကြမှပဲ ရှဲ့ဟယ် သတိပြန်ရလာခဲ့တယ်....တန့်ကျင်းဝမ်းရဲ့ လက်မောင်းကို ရှဲ့ဟယ် ခေါင်းအုံးထားတာကြောင့် သူ့တစ်ကိုယ်လုံး တန့်ကျင်းဝမ်း ရင်ခွင်ထဲရောက်နေတယ်....

ရှဲ့ဟယ် ခြုံထားတဲ့စောင်ကို ဆွဲဖယ်လိုက်ပြီး ကုတင်ပေါ်ကနေ ဆင်းဖို့ပြင်နေတယ်...

ဒီလှုပ်ရှားမှုက အိပ်ရေးဆတ်တဲ့ တန့်ကျင်းကို နိုးသွားစေတဲ့အပြင် ထိတ်လန့်သွားစေခဲ့တယ်.....ချက်ချင်းဆိုသလို ကောင်လေးရဲ့ ခါးကို လှမ်းဖက်လိုက်ပြီး သူ့ဘက်ကို ပြန်ဆွဲခေါ်လိုက်တယ်....ပြီးတာနဲ့ ကောင်လေးရဲ့ နားနားမှာ သူ့နှုတ်ခမ်းတွေကို ဖိကပ်ပြီး ......

"နေကောင်းသေးတာ မဟုတ်ဘူး လှုပ်လှုပ်ရှားရှားတွေ သိပ်မလုပ်နဲ့ "

သူဘယ်လောက်ထိ စိုးရိမ်ခဲ့ရသလဲဆိုတာ ကောင်းကင်ဘုံကပဲ သိလိမ့်မယ်...ကောင်လေးက သုံးရက်တောင် အိပ်ပျော်နေခဲ့တာ...

ဆရာဝန်ပြောတာတော့ အအေးမိသွားတယ်တဲ့...နဂိုကတည်းက အားနည်းနေတဲ့အပြင် ပြင်းထန်လှတဲ့ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံရမှုတွေကြောင့် အခုလို သတိမေ့တဲ့အထိဖြစ်ကုန်တာ.....

ဘယ်တော့မှ မနိုးလာတော့မယ့်သူတစ်ယောက်လို အိပ်မောကျနေတဲ့ ကောင်လေးကို ကြည့်ရင်း ဒီကောင်လေးရဲ့ နှလုံသားကို ခိုးမယ့် သူ့လုပ်ရပ်တွေကို ပထမဆုံးအကြိမ်အဖြစ် နောင်တရမိလာတယ်....

သူဘာတွေ တွေးနေခဲ့မိတာလဲ....ကောင်လေးကို တညလုံး အပြင်မှာ ပစ်ထားမိတဲ့အပြင်  ဝေဖန်အပြစ်တင်စကားတွေပါ ပြောမိလိုက်သေးတယ်.....

သေးသေးညှက်ညှက်နဲ့ အားနည်းနေတဲ့ကောင်လေးကို အလျင်စလိုတွေ မလုပ်ခဲ့သင့်ဘူး...ဒီ့ထက်ပိုပြီး နူးနူးညံ့ညံ့လေး ဆက်ဆံပေးခဲ့သင့်တာ....သူလိုချင်တာရဖို့ အတင်းအကြပ်ဖိအားတွေ ပေးခဲ့မိလေခြင်း....

ချစ်ရသူရဲ့ အချစ်ကိုပိုင်ဆိုင်နိုင်ဖို့ ဘယ်နည်းလမ်းက အမှန်ကန်ဆုံးလဲ ဆိုတာ နားမလည်နိုင်တော့ဘူး....

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now