ကူကယ်ရာမဲ့ပြီး ထိတ်လန့်လာတာကြောင့် ရှဲ့ဟယ်ရဲ့မျက်နှာတစ်ခုလုံး ဖြူဖျော့နေလေပြီ.....
တန့်ကျင်းဝမ်းကလဲ သနားညှာတာမှုမဲ့စွာ စကားဆက်ပြောနေတယ်.....
"ဒီမှာနေမယ်ဆို မင်းရဲ့လူကို စိတ်ကျေနပ်အောင်လုပ်ပေးနိုင်ရမယ်...ဒါလေးတောင်မလုပ်ပေးနိုင်ရင် မင်းကို ဆက်ထားနေလို့လဲ အပိုပဲ..."
ဒီစကားလုံးတွေက သိပ်ကိုရယ်စရာကောင်းတဲ့အပြင် ယုတ္တိတန်လွန်းနေတယ်...ဒယိမ်းဒယိုင်ဖြစ်နေတဲ့ ရှဲ့ဟယ်ရဲ့ မျက်ဝန်းတွေထဲမှာ နာကျင်မှုတွေမျောလွှင့်နေပြီ...Daddy သူ့ကို စိတ်မပူတော့ဘူးလား.....ဘာ့ကြောင့်များ ကြမ်းကြမ်းတမ်းတမ်းတွေပြောနေတာလဲ....ဘာ့ကြောင့်များ ဒီလိုနည်းလမ်းနဲ့ ကိုယ့်အရှက် ကိုယ်ပြန်ခွဲနေတာလဲ....
ရှဲ့ဟယ် ရှောင်ပြေးဖို့ သူ့ကိုယ်သူ ခွင့်မပြုနိုင်တော့ဘူး....ဒါ့ကြောင့် ခေါင်းငုံ့မျက်လွှာချပြီး နှလုံးသားထဲက အရှက်တရားတွေကို မြိုသိပ်ဖိနှိပ်ထားလိုက်ပါပြီ....
"ကျွန်တော်...ကျွန်တော် လုပ်နိုင်ပါတယ်..."
တန့်ကျင်းဝမ်းက မနှစ်မြို့တဲ့ အပြုံးမျိုးနဲ့ ပြုံးနေတယ်....
"ဟင့်အင်း...မင်း မလုပ်နိုင်ပါဘူး..."
ရှဲ့ဟယ်ရဲ့ မျက်ဝန်းအိမ်ထဲမှာ စိတ်ပျက်အားငယ်မှုတွေ ယိုဖိတ်နေပြီ....
"Dad ..."
တန့်ကျင်းဝမ်းရဲ့ အကြည့်တွေ တမဟုတ်ချင်း အေးစက်လာတယ်....
ထိုကဲ့သို့သော အကြည့်မျိုးနဲ့ စိုက်ကြည့်ခံလိုက်ရမှ ရှဲ့ဟယ် ကိုယ့်အမှားကိုယ် သတိပြုမိလိုက်လေတယ်...
"Sir. .ကျွန်တော့်ကို နှင်မထုတ်လိုက်ပါနဲ့...ကျွန်တော် လုပ်နိုင်ပါတယ်...တကယ်ပြောတာပါ..."
တန့်ကျင်းဝမ်း သူ့ကို မိနစ်အချို့ကြာတဲ့အထိစိုက်ကြည့်နေသေးတယ်...
"အဝတ်တွေပြန်ဝတ်လိုက်တော့..."
ရှဲ့ဟယ် အဝတ်တွေကောက်ဝတ်ပြီးတာနဲ့ တန့်ကျင်းဝမ်းရှေ့မှာ ရပ်နေလိုက်ပြီး ရှက်ရွံ့တဲ့အကြည့်နဲ့ကြည့်နေလိုက်တယ်...
YOU ARE READING
ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြားယောင်းခြင်းနည်းဗျူဟာ
General Fictionဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။