CH (55.1)

7.2K 697 46
                                    

[တင်းတောင် ကမ္ဘာအသစ်သို့ ကူးပြောင်းခြင်းလုပ်ငန်းစဉ်ပြီးဆုံးပါပြီ.......မှတ်ဉာဏ်ကူးပြောင်းခြင်းလုပ်ငန်းစဉ်စတင်ပါပြီ.....]

အခုရောက်နေတဲ့ ကမ္ဘာမှာ ရှဲ့ဟယ်ရဲ့ နာမည်က ကျင်းကျောက်.......

သူဟာ ဧကရာဇ်တစ်ပါးဖြစ်သော်ငြားလဲ ကံမကောင်းအကြောင်းမလှလေသော ဧကရာဇ်ပါ........

ဧကရာဇ်ဟောင်း ချန်းယွမ်ဟာ သွေးသားတစ်ဝက်တော်စပ်လေသူ မင်းသမီးချင်ဟွေးကို ချစ်မိခဲ့ပြီး တော်ဝင်မောင်းမဆောင်ထဲ ပိတ်လှောင်ထားခဲ့လေတယ်.....သို့ပါသောကြောင့် ကျင်းကျောက်သည် ထိုကဲ့သို့သော ရှုပ်ထွေးလှသော တော်စပ်မှုတစ်ခု၏ ထုတ်ကုန်တစ်ခုဖြစ်လာခဲ့ရရှာတယ်.....

မမွေးချင်ဘဲ မွေးခဲ့ရတဲ့ ဒီကလေးကို မင်းသမီးချင်ဟွေး သိပ်ကို မုန်းတီးခဲ့ပါတယ်....နဂိုကတည်းက ကျန်းမာရေးချူချာသူ မင်းသမီးတစ်ယောက် များမကြာမှီမှာပဲ စိတ်ထောင်းကိုယ်ကြေဖြစ်ပြီး ကံကုန်သွားခဲ့တယ်......

ဧကရာဇ်ချင်းယွမ်ရဲ့ မိဖုရားကြီးက သိပ်ကို ရည်ရွယ်ချက်ကြီးမားသူပါ....သို့ပေမယ့်လဲ
တော်ဝင်မောင်းမဆောင်ထဲရောက်ပြီး ရှစ်နှစ်ကြာတဲ့အထိ ဧကရာဇ်ကတော့ သူမကို ထိတွေ့ခြင်း အလျင်းမရှိခဲ့ပေ......

မင်းသမီးချင်ဟွေး ကွယ်လွန်ခြင်းဟာ မိဖုရားကြီးအတွက် အခွင့်ရေးတစ်ခုဖြစ်လာခဲ့တယ်.....သူမဟာ ကျင်းကျောက်ကို ခုတုံးလုပ်ပြီး ဧကရာဇ်ဆီက မျက်နှာသာရဖို့အတွက် ကျင်းကျောက်ကို မွေးစားဖို့ ဧကရာဇ်ဆီမှာ တောင်းဆိုခဲ့တယ်.....

ကျင်းကျောက်ဟာ  မိခင်မေတ္တာကို မခံစားခဲ့ရရှာတဲ့အပြင် ငယ်ငယ်ရွယ်ရွယ်နဲ့  ရက်စက်လွန်းတဲ့ အမျိုးသမီးထဲ ရောက်သွားခဲ့ရပြန်တယ်......

မိဖုရားကြီးက အစပိုင်းမှာ ကျင်းကျောက်ကို ကောင်းကောင်းဆက်ဆံခဲ့ပေမယ့် အချိန်ကြာတဲ့အခါ ဧကရာဇ်ဆီကနေ မျက်နှာသာရဖို့ ကျင်းကျောက်ကို အသုံးချလို့မရမှန်းသိလာခဲ့တယ်.....

ဧကရာဇ်ချင်းယွမ်ရဲ့ နှလုံးသားဟယာသေဆုံးသွားခဲ့ပုံပါပဲ....မင်းသမီးချင်ဟွေး သေဆုံးခဲ့ပေမယ့်လဲ ဧကရာဇ်ဟာ တပါးသော မိန်းမသူတို့ဆီ အကြည့်တစ်ချက်ပင် စွန့်ကြဲတော်မမူခဲ့ပေ.........

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now